အေဂျက်လူငယ်ကြယ်ပွင့်ဒီလစ်

A d v e r t i s e m e n t With Us

June 17, 2019

အေဂျက်လူငယ်ကြယ်ပွင့် ဒီလစ် ပြင်သစ်မြေတွင် အခြေချရန် ပြင်ဆင်နေ

အေဂျက်လူငယ်ကြယ်ပွင့် ဒီလစ်ဟာ သူ့ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ အသင်း ၃ သင်းထဲက နှစ်သင်းကို ငြင်းပယ်ပြီး ပြင်သစ်မြေမှာ အခြေချဖို့ပြင်ဆင်နေပါတယ်။ ဘာစီလိုနာနဲ့ မန်ချက်စတာနိုက်တက်အသင်းတို့ကို ငြင်းပယ်ပြီး တနှစ်လုပ်ခ ပေါင် ၁၇ သန်းလောက်ရရှိမယ့် ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းကို ရောက်ရှိဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ဒီလစ်ဟာ အနာဂတ်ကို မကြည့်ဘဲ ငွေကြေးနောက်လိုက်တဲ့ ကစားသမားငယ်တဦးသာ ဖြစ်ကြောင်း၊ အခုထက်ပိုပြီး တိုးတက်လာဖို့ဆိုရင် ပရီးမီးယားလိဂ် ဒါမှမဟုတ် လာလီဂါတို့မှာ သွားရောက်ကစားသင့်ကြောင်း ဘောလုံးဝေဖန်သုံးသပ်သူတွေက ပြင်းပြင်ထန်ထန်ဝေဖန်နေကြပါတယ်။ နောက်ဆက်တွဲ သတင်းတွေအရ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီလစ်ကို ခေါ်ယူဖို့ မဖြစ်နိုင်တော့တာကြောင့် ပဲလေစ့်နောက်ခံလူ အာရွန်ဝမ် ဘစ်ဆာခါကို ခေါ်ယူဖို့ ပစ်မှတ်ထားနေသလို ဘာစီလိုနာအသင်းကလည်း မန်စီတီးနောက်ခံလူ ကိုင်လီဝေါ်လ်ကာကို ခေါ်ယူဖို့ ကြိုးပမ်းတော့မယ်လို့ သိရပါတယ်။
2 years Ago
Up