အေဂျက်စ်အသင်းရဲ့ လူငယ်ကြယ်ပွင့် ဒီလစ်ကို မန်ချက်စတာယူနိုက်တက်အသင်းက ပေါင်သန်း ၇၀ ထိပေးပြီး ကမ်းလှမ်းလိုက်ပါတယ်။
ဒီလစ်ဟာ အသင်းကို ပြန်လည်တည်ဆောက်တဲ့နေရာမှာ အရေးပါတဲ့ ကစားသမား ဖြစ်လာဖို့ မျှော်လင့်ပြီး အခုလို ပြောင်းရွှေ့ကြေး အမြောက်အမြားပေးပြီး ကမ်းလှမ်းလိုက်တာလည်း ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်း မတိုင်ခင်ကတည်း ဘာစီလိုနာအသင်းက ဒီလစ်ကို ကမ်းလှမ်းထားပြီး အေဂျက်စ်အသင်းဖော်ဟောင်းဖြစ်တဲ့ ဖရန်ကီဒီဂျောင်ကိုတော့ လက်ဦးမှုရယူပြီး ခေါ်ယူထားနိုင်ခဲ့ပါတယ်။
ယူနိုက်တက်တို့အနေနဲ့ ဒီလစ်ရဲ့ အေးဂျင့်ဖြစ်တဲ့ ရွိုင်းအိုလာကို ပေးရမယ့် ပေါင် ၁၂ သန်းနဲ့ ကစားသမားအပေါ် တခြားအသင်းတွေရဲ့ စိတ်ဝင်စားနေမှုကို ရှောင်ရှားလိုနေပြီး သဘောတူညီချက်မရခဲ့ရင် အခုထပ်ပိုပြီး တိုးမြှင့်ကမ်းလှမ်းလာဖို့ ရှိနေတယ်လို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။
2 years Ago