ဒက်ခ်ျစူပါဖလားပြိုင်ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း ဒါလေးဘလိုင်းရဲ့ သွင်းဂိုးအပါအဝင် အေဂျက်စ်အသင်းက ၂ ဂိုးပြတ်နဲ့ ပီအက်စ်ဗွီအသင်းကို အနိုင်ရရှိပြီး စူပါဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အေဂျက်စ်အသင်း အနေနဲ့ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီအတွက် ဒုတိယမြောက် ဆုဖလားဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပြီး ချန်ပီယံလိဂ်မှာလည်း ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိခဲ့ပါတယ်။
ကတ်စ်ပါဒေါလ်ဘတ်ဟာ ပွဲကစားချိန် ၁ မိနစ်မှာတင် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီးတော့ ဘလိုင်းကတော့ ဒုတိယပိုင်း ၅၃ မိနစ်မှာ ဒုတိယဂိုးကို သွင်းယူပေးခဲ့တာပါ။
အေဂျက်စ်အသင်းကနေ ပြီးခဲ့တဲ့ရာသီက လူငယ်ကစားသမားကောင်းများစွာ ထွက်ပေါ်လာခဲ့ပြီး ဖရန်ကီဒီယောင်၊ ဒီလစ်တို့ကတော့ ဘာစီလိုနာနဲ့ ဂျူဗင်တပ်စအသင်းတွေကို ပြောင်းရွှေ့သွားခဲ့ပါတယ်။
2 years Ago