အေဂျက် လူငယ်ကြယ်ပွင့် ဒီလစ်ကို ခေါ်ယူမယ့် ဥရောပအသင်းတွေ အားပြိုင်ပွဲမှာ ကြယ်စင်စုအသင်းအဖြစ် တဖန်ပြန်လည် တည်ဆောက်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းလည်း ပါဝင်လာပါတယ်။
အစောပိုင်းကတည်းက မန်ချက်စတာယူနိုက်တက်၊ ပီအက်စ်ဂျီနဲ့ ဘာစီလိုနာ အသင်းတွေရဲ့ ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းမှုတွေကြောင့် ပြောင်းရွှေ့ကြေး မြင့်သထက်မြင့်လာတဲ့ ဒီလစ်ရဲ့ အပြောင်းအရွှေ့ဟာ မက်ဒရစ်မြို့ခံ ကလပ်ကြောင့် စိတ်ဝင်စားဖို့ ပိုကောင်းလာနေပါတယ်။
လက်ရှိ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဗဟိုခံစစ်မှူးနေရာမှာ အသင်းခေါင်းဆောင် ရာမို့စ်၊ ဗာရန်း၊ ဗယ်လီဂျို၊ အသစ်ခေါ်ယူထားတဲ့ မီလီတောင်တို့ ရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဟာဇက်၊ မီလီတောင်၊ လူကာဂျိုဗစ်၊ ရိုဒရီဂိုတို့ကို ပေါင်သန်း ၃၅၀ နီးပါး အသုံးပြုပြီး အခုရာသီ အစောပိုင်းက ခေါ်ယူထားပြီး ဖြစ်ပါတယ်။
4 years Ago