ဟော့ဖမ်ဟိမ်နှင့်တွေ့ဆုံ

August 5, 2017

ချန်ပီယံလိဂ် ပလေးအော့ဖ်အဆင့် ရှုံးထွက်ပွဲ လီဗာပူးက ဟော့ဖမ်ဟိမ်နှင့်တွေ့ဆုံ

ချန်ပီယံလိဂ်ပလေးအော့ဖ်အဆင့် ရှုံးထွက်ပွဲစဉ်တွေကို သြဂုတ် ၄ ရက်က မဲခွဲဆုံးဖြတ်ခဲ့ရာမှာ လီဗာပူးအသင်းက ဂျာမနီကလပ် ဟော့ဖမ်ဟိမ်အသင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပလေးအော့ဖ်အဆင့် မဲခွဲရာမှာ လိဂ်ချန်ပီယံလမ်းကြောင်းနဲ့ သက်ဆိုင်ရာ လိဂ်အဆင့်အလိုက် သတ်မှတ်လမ်းကြောင်းနဲ့ ၂ မျိုးခွဲ  မဲခွဲ ဆုံးဖြတ်ခဲ့တာပါ။ လိဂ်အဆင့်အလိုက် သတ်မှတ်ပြီး ၀င်ခွင့်ရတဲ့ အသင်းတွေအတွက် မဲခွဲရာမှာ ဆီဗီလာအသင်းက တူရကီကလပ် ဘာဆက်ဆီဟာ၊ ယန်းဘွိုင်းနဲ့ စီအက်စ်ကေအေ မော်စကို၊ နာပိုလီနဲ့ နိုက်စ်၊ စပို့တင်းလစ္စဘွန်းနဲ့ စတူအာဘူခါရတ်အသင်းတို့ တွေ့ဆုံခဲ့ပါတယ်။ ချန်ပီယံလမ်းကြောင်းမှာတော့ ဆဲလ်တစ်နဲ့ အက်စ်တန်နာ၊ အိုလံ ပီယာကော့စ်နဲ့ ရီဂျာကာ၊ ကိုပေဟေဂင်နဲ့ ကွာရာဘက်၊ အေပိုးလ်နဲ့ ဆလာဗီးယားပရပ်၊ ဟာလ်ပိုးနဲ့မာရီဘော အသင်းတို့ တွေ့ဆုံခဲ့ပါတယ်။ ဥရောပချန်ပီယံလိဂ် ပလေးအော့ဖ်အဆင့်ပွဲစဉ်တွေကို လာမယ့် သြဂုတ် ၁၅ နဲ့ ၁၆ ရက်တွေမှာ ပထမအကျော့၊ သြဂုတ် ၂၂ နဲ့ ၂၃ ရက်တွေမှာ ဒုတိယအကျော့အဖြစ် ယှဉ်ပြိုင်ကစား ရမှာဖြစ်ပါတယ်။
4 years Ago
Up