ဟော့ကိုင်းဒိုးငလျင်

September 11, 2018

ဂျပန် ဟော့ကိုင်းဒိုးငလျင်ကြောင့် သေဆုံးသူ ၄၄ ဦးထိမြင့်တက်၊ ရှာဖွေရေးလုပ်ငန်း ရပ်ဆိုင်း

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးကျွန်း ငလျင်ကြောင့် သေဆုံးသူဦးရေ ၄၄ ဦးအထိ မြင့်တက်လာပြီး ရှာဖွေရေးလုပ်ငန်းတွေကို တရားဝင် ရပ်ဆိုင်းလိုက်တယ်လို့ အစိုးရက ပြောပါတယ်။ စက်တင်ဘာ ၉ ရက်နေ့က အတ်ဆုမမြို့ မြေပြိုရာနေရာကနေ ပျောက်ဆုံးနေတဲ့  အသက် ၇၇ နှစ်အရွယ် အဘိုးအိုတဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် တခြား ရုပ်အလောင်းနှစ်ခုကိုပါ တွေ့ခဲ့ပြီး လူပျောက်တိုင်တန်းတာတွေ မရှိတော့တဲ့အတွက် ရှာဖွေရေးကို တရားဝင် ရပ်ဆိုင်းခဲ့ပါတယ်။ ရှာဖွေရေး မလုပ်တော့ပေမယ့် အပျက်အစီး ရှင်းလင်းရေးနဲ့ သန့်ရှင်းရေးကို ဝန်ထမ်းအင်အား ၄ သောင်းဝန်းကျင်နဲ့ ဆက်လက်လုပ်ဆောင်နေတယ်လို့ အစိုးရအဖွဲ့ အကြီးအကဲက ပြောပါတယ်။ သေဆုံးသူအများစုဟာ အတ်ဆုမမြို့ကဖြစ်ပြီး ၃၆ ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
Up