ဟောလ၀င်း သကြားလုံးများတွင် အပ်တွေ့သည့်ကိစ္စ စုံစမ်းနေဟု ရဲတပ်ဖွဲ့ပြော

A d v e r t i s e m e n t With Us

November 2, 2015

ဟောလ၀င်း သကြားလုံးများတွင် အပ်တွေ့သည့်ကိစ္စ စုံစမ်းနေဟု ရဲတပ်ဖွဲ့ပြော

ဟောလ၀င်း သကြားလုံးတွေထဲမှာ အပ်တွေကို တွေ့ရတဲ့ကိစ္စ စုံစမ်းနေတယ်လို့  အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယားပြည်နယ် ကန်နတ်စကွဲယား နယ်မြေ  ရဲအဖွဲ့က ပြောပါတယ်။ ဟောလ၀င်းညမှာ မျက်နှာဖုံးဝတ်လျက် ကလေးတွေ တအိမ်တက်ဆင်း သကြားလုံး ရှာစားကြတဲ့ ပျော်ရွှင်စရာ ဓလေ့တခု ရှိပါတယ်။ ဒီလို စုဆောင်းတဲ့ သကြားလုံးတွေထဲမှာ အပ်ကို တွေ့တဲ့အတွက် မိဘတွေက ဒေါသထွက်ပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့အတွက် ရဲက အရေးယူဆောင်ရွက်ဖို့ ဖြစ်လာတာပါ။ ဒီသတင်းကြောင့် ဟောလ၀င်း ပွဲတော်ကာလမှာ မိဘတွေအတွက် စိုးရိမ်ပူပန်စရာ ဖြစ်ခဲ့ကြပါတယ်။ ဒါဟာ ကလေးတွေအတွက် သိပ်ကို အန္တရာယ်ကြီးတဲ့ကိစ္စဖြစ်လို့ သတင်းကြားရုံနဲ့ပဲ အကြီးအကျယ် စိတ်ထိခိုက်ရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ သကြားလုံး စုဆောင်းခဲ့တဲ့ ကလေး ၄  ယောက်ဆီက သကြားလုံးတောင့် ၆ ခုထဲမှာ တွယ်အပ်တွေ မြှုပ်ထားတာကို တွေ့ရတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။
5 years Ago
Up