ဟောလိုးဝင်းပါတီတွင် ကလေးငယ်များကို ပျော်ပျော်ရွှင်ရွှင် သီချင်းဆိုပြခဲ့သည့် အိုဘားမား

A d v e r t i s e m e n t With Us

November 1, 2016

ဟောလိုးဝင်းပါတီတွင် ကလေးငယ်များကို ပျော်ပျော်ရွှင်ရွှင် သီချင်းဆိုပြခဲ့သည့် အိုဘားမား (ရုပ်သံ)

ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ သင့်ကို စိတ်နှလုံးနွေးထွေးစေမှာပါ။ ဘာလို့လဲဆိုတော့ အမေရိကန်သမ္မတ အိုဘားမားနဲ့ ဇနီးဖြစ်သူ မီရှဲလ်တို့ဟာ အိမ်ဖြူတော်မှာ ကလေးငယ်တွေနဲ့ ပျော်ပျော်ပါးပါး အားလပ်ရက် ဟောလိုးဝင်းပါတီကို ဆင်နွှဲခဲ့ကြလို့ပါပဲ။ အိမ်ဖြူတော်မှာကျင်းပတဲ့ ဟောလိုးဝင်းပါတီနဲ့ ပျော်ပွဲရွှင်ပွဲ အခမ်းအနားမှာ ဒေသတွင်းနဲ့ စစ်ဘက်ဆိုင်ရာ မိသားစုဝင်တွေရဲ့ ကလေးငယ်တွေကို ဖိတ်ထားခဲ့တာဖြစ်ပြီး သကြားလုံးတွေ မုန့်တွေ ဝေပေးခဲ့တာပါ။ အဲဒီအချိန် အခိုက်အတန့်လေးမှာပဲ အိုဘားမားဟာ ထင်မှတ်မထားတဲ့ မြင်ကွင်းတခုကို မြင်လိုက်ရပြီး ကလေးငယ်တွေကို နာမည်ကျော်အဆိုတော် Prince ရဲ့ Purple Rain သီချင်းကို သီဆိုပြခဲ့တာ တွေ့ရပါတယ်။ သူဟာ အဆိုတော် Prince လို ၀တ်ဆင်လာတဲ့ ခရမ်းရောင်ဝတ်စုံပြည့်နဲ့ ကလေးတဦးကို လှမ်းမြင်လိုက်ချိန်မှာ ခုလို သီဆိုခဲ့တာ ဖြစ်ပါတယ်။ သီချင်းမဆိုခင် သူဟာ ကလေးငယ်ကို ပြုံးပြုံးရွှင်ရွှင်နဲ့ “ဘာဆက်လုပ်ကြမလဲ၊ လူကြီးမင်း” လို့ နှုတ်ဆက်ခဲ့တာပါ။
4 years Ago
Up