ဟောင်ကောင်အုပ်ချပ်ရေးမှူးဟောင်း

February 15, 2017

ဟောင်ကောင်အုပ်ချပ်ရေးမှူးဟောင်းကို လာဘ်စားမှုအတွက် နောက်ဆုံးအကြိမ် စစ်ဆေးရန် ဆင့်ခေါ်

လာဘ်စားမှုနဲ့ အစစ်ဆေးခံနေရတဲ့ ဟောင်ကောင်ကျွန်း အုပ်ချုပ်ရေးမှူးဟောင်း ဒေါ်နယ်လ်ဆန်းကို နောက်ဆုံးအကြိမ် ကြားနာစစ်ဆေးဖို့အတွက် ဟောင်ကောင်ကျွန်း ဗဟိုတရားရုံးက ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ဆင့်ခေါ်လိုက်ပါတယ်။ သူဟာ တရုတ်ပြည်မကြီး ဟောင်ကောင်ကျွန်းသမိုင်းမှာ လာဘ်စားမှုနဲ့ ပထမဦးဆုံး အစစ်ဆေးခံရတဲ့ အမြင့်ဆုံး အုပ်ချုပ်ရေးအရာရှိ ဖြစ်ပါတယ်။ အသက် ၇၂ နှစ်အရွယ်ရှိ မစ္စတာဆန်းဟာ အနက်ရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ပြီး ဇနီးဖြစ်သူနဲ့အတူ ဗဟိုတရားရုံးကို ရောက်ရှိလာပါတယ်။ ၂၀၁၆ ဒီဇင်ဘာမှာလုပ်တဲ့ အကြိုကြားနာစစ်ဆေးမှုအတွင်းမှာတော့ သူ ဘာတခုမှ အမှားမလုပ်ခဲ့ဘူးလို့ မစ္စတာဆန်းက ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် သူအာဏာရှိစဉ်အချိန်က တရုတ်လုပ်ငန်းရှင်ကြီး ဘီလ်ဝမ်ပိုင်ဆိုင်တဲ့ Shenzhen East Pacific Group ကုမ္ပဏီကနေ မစ္စတာဆန်းရဲ့ Penthouse စံအိမ်ကို အခမဲ့ပြင်ဆင်ပေးမှုကို မစ္စတာဆန်းက လက်ခံခဲ့တယ်လို့ တရားရုံးက စွပ်စွဲပါတယ်။ အဲဒီအချိန်ဟာ မစ္စတာဆန်းရဲ့ လွှတ်တော်ကနေ သူဌေးကြီးဘီလ်ဝမ်ရဲ့ ကုမ္ပဏီကို Digital ရေဒီိယိုအသံလွှင့်လိုင်စင်ချပေးဖို့ ဆွေးနွေးနေချိန်ဖြစ်တာမို့ ဒါဟာ လာဘ်ပေးလာဘ်ယူမှု ဖြစ်တယ်ဆိုပြီး ဟောင်ကောင်ကျွန်း လွတ်လပ်တဲ့ လာဘ်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စွပ်စွဲကြောင်း ဒီကနေ့ရရှိတဲ့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up