ေဟာင္ေကာင္ရဲတပ္ဖြဲ႕

August 17, 2019

ဟောင်ကောင်ရဲတပ်ဖွဲ့ကို မူလန်ရုပ်ရှင်မင်းသမီး  လျူရီဖေး ထောက်ခံ

ဒစ္စနေရုပ်ရှင်က ပြန်ဆန်းသစ် ရိုက်ကူးတဲ့ မူလန် ရုပ်ရှင်မင်းသမီး  လျူရီဖေးက ဟောင်ကောင်ရဲတပ်ဖွဲ့ကို ထောက်ခံတယ်လို့ ပို့စ်တင်ပြီးနောက်ပိုင်း မူလန် ရုပ်ရှင်ကို သပိတ်မှောက်ဖို့ တောင်းဆိုနေကြပါတယ်။   မူလန်ရုပ်ရှင်မင်းသမီး လျူရီဖေးက တရုတ်ဆိုရှယ်မီဒီယာ ဝေဘိုမှာ  “ကျမ ဟောင်ကောင် ရဲတပ်ဖွဲ့ကို ထောက်ခံတယ်။ ကျမကို တိုက်ခိုက်ချင် တိုက်ခိုက်နိုင်တယ်လို့ ရေးခဲ့တာပါ။   “ဒါ့အပြင် လျူရီဖေးက  “ဟောင်ကောင်အတွက် ရှက်ဖွယ်” ဆိုပြီးလည်း အင်္ဂလိပ်လို  ပို့စ်တင်ခဲ့ပါတယ်။  အဲဒီလို ပို့စ်တင်ပြီးနောက်ပိုင်းမှာ လူအတော်များများက တွစ်တာကနေ   ရုပ်ရှင်မင်းသမီး လျူရီဖေးကို ဝေဖန်ရေးသားခဲ့ပြီး မူလန် ရုပ်ရှင်ကို မကြည့်ကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။  တွစ်တာအသုံးပြုသူ တစ်ယောက်ကလည်း “ကလေးတွေကို ရုပ်ရှင်ရုံခေါ်သွားပြီး ဟောင်ကောင်ရဲတပ်ဖွဲ့  ရက်စက်အကြမ်းဖက်တာကို ထောက်ခံတဲ့ မင်းသမီးကို အားကျ အတုယူခိုင်းရမလား” ဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။  တချို့ဆိုရှယ်မီဒီယာ သုံးသူတွေကတော့ အလျင်စလို ကောက်ချက်မဆွဲဖို့   တခြားသူတွေကို တိုက်တွန်းခဲ့ပါတယ်။  ဒစ္စနေရုပ်ရှင်က ပြန်ဆန်း သစ်ရိုက်ကူးထားတဲ့ မူလန်ရုပ်ရှင်ကို လာမယ့် ၂၀၂၀ မှာ  ရုံတင်ပြသဖို့ စီစဉ်ထားတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
Zawgyi Version ေဟာင္ေကာင္ရဲတပ္ဖြဲ႕ကို မူလန္႐ုပ္ရွင္မင္းသမီး  လ်ဴရီေဖး ေထာက္ခံ DVB ဒစၥေန႐ုပ္ရွင္က ျပန္ဆန္းသစ္ ႐ိုက္ကူးတဲ့ မူလန္ ႐ုပ္ရွင္မင္းသမီး  လ်ဴရီေဖးက ေဟာင္ေကာင္ရဲတပ္ဖြဲ႕ကို ေထာက္ခံတယ္လို႔ ပို႔စ္တင္ၿပီးေနာက္ပိုင္း မူလန္ ႐ုပ္ရွင္ကို သပိတ္ေမွာက္ဖို႔ ေတာင္းဆိုေနၾကပါတယ္။ မူလန္႐ုပ္ရွင္မင္းသမီး လ်ဴရီေဖးက တ႐ုတ္ဆိုရွယ္မီဒီယာ ေဝဘိုမွာ  “က်မ ေဟာင္ေကာင္ ရဲတပ္ဖြဲ႕ကို ေထာက္ခံတယ္။ က်မကို တိုက္ခိုက္ခ်င္ တိုက္ခိုက္ႏိုင္တယ္လို႔ ေရးခဲ့တာပါ။ “ဒါ့အျပင္ လ်ဴရီေဖးက  “ေဟာင္ေကာင္အတြက္ ရွက္ဖြယ္” ဆိုၿပီးလည္း အဂၤလိပ္လို  ပို႔စ္တင္ခဲ့ပါတယ္။ အဲဒီလို ပို႔စ္တင္ၿပီးေနာက္ပိုင္းမွာ လူအေတာ္မ်ားမ်ားက တြစ္တာကေန   ႐ုပ္ရွင္မင္းသမီး လ်ဴရီေဖးကို ေဝဖန္ေရးသားခဲ့ၿပီး မူလန္ ႐ုပ္ရွင္ကို မၾကည့္ၾကဖို႔လည္း ေတာင္းဆိုခဲ့ပါတယ္။ တြစ္တာအသုံးျပဳသူ တစ္ေယာက္ကလည္း “ကေလးေတြကို ႐ုပ္ရွင္႐ုံေခၚသြားၿပီး ေဟာင္ေကာင္ရဲတပ္ဖြဲ႕  ရက္စက္အၾကမ္းဖက္တာကို ေထာက္ခံတဲ့ မင္းသမီးကို အားက် အတုယူခိုင္းရမလား” ဆိုၿပီး ေမးခြန္းထုတ္ခဲ့ပါတယ္။ တခ်ိဳ႕ဆိုရွယ္မီဒီယာ သုံးသူေတြကေတာ့ အလ်င္စလို ေကာက္ခ်က္မဆြဲဖို႔   တျခားသူေတြကို တိုက္တြန္းခဲ့ပါတယ္။ ဒစၥေန႐ုပ္ရွင္က ျပန္ဆန္း သစ္႐ိုက္ကူးထားတဲ့ မူလန္႐ုပ္ရွင္ကို လာမယ့္ ၂၀၂၀ မွာ  ႐ုံတင္ျပသဖို႔ စီစဥ္ထားတယ္လို႔ ႐ိုက္တာသတင္းအရ သိရပါတယ္။
2 years Ago
Up