ဟောင်ကောင်ရဲတပ်ဖွဲ့ စီနင်းမှုအတွင်း ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရမိ

July 21, 2019

ဟောင်ကောင်ရဲတပ်ဖွဲ့ စီနင်းမှုအတွင်း ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရမိ

ဟောင်ကောင်ရဲတပ်ဖွဲ့က ချင်းဝမ်ခရိုင်ရှိ ကုန်လှောင်ရုံတခုအား ညအချိန် စီးနင်းမှုအတွင်း ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ တိုက်ခိုက်ရေး လက်နက်တွေ သိမ်းဆည်းရမိတယ်လို့ ရဲတပ်ဖွဲ့က ဇူလိုင်လ ၂၀ ရက်နေ့မှာ ပြောပါတယ်။  အားပြင်းဖောက်ခွဲရေး ပစ္စည်း ၂ ကီလို၊ ဓာတ်ဆီဗုံး ၁၀ ဗုံး နဲ့ အက်ဆစ်ဖြစ်လွယ် ပစ္စည်းတွေ တွေ့တယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး South China Morning Post မှာဖော်ပြပါတယ်။  အဲဒီနောက် ဟောင်ကောင်လွတ်လပ်ရေး ထောက်ခံစာသားပါတဲ့ တီရှပ်တွေနဲ့ တရားခံ လွှဲပြောင်းရေး ဥပဒေကြမ်း ဆန့်ကျင်တဲ့ လက်ကမ်းစာစောင်တွေကိုလည်း တွေ့ရှိရပါတယ်။  သတင်းစာရှင်းလင်းပွဲမှာ ရဲတပ်ဖွဲ့ ပြည့်သူ့ဆက်ဆံရေးဌာန အကြီးအကဲက လူတယောက် ဖမ်းဆီးထားတာကို အတည်ပြုခဲ့ပေမယ့် ရည်ရွယ်ချက်ကိုတော့ မပြောခဲ့ပါဘူး။ ဟောင်ကောင်  ရဲတပ်ဖွဲ့ အကြီးအကဲက စစ်ဆင်ရေး ဆက်လုပ်နေပြီး မကြာခင် လူတွေ ထပ်မံ ဖမ်းဆီးရနိုင်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ 
2 years Ago
Up