အဓိကရုဏ်း နှိမ်နင်းရေး ဝတ်စုံပြည့် ဆင်ယင်ထားတဲ့ ဟောင်ကောင် ရဲတွေဟာ ဇူလိုင် ၁၃ ရက် နှောင်းပိုင်းက ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီး နယ်စပ်မှာရှိတဲ့ ရှန့်ရွှေမြို့ထဲမှာ ဆန္ဒပြသူတွေကို ရှင်းလင်းခဲ့ပါတယ်။
အစောပိုင်းက ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ခဲ့တာပါ။ ရဲတွေက ဆန္ဒပြသူတွေကို နံပါတ်တုတ်တွေနဲ့ ရိုက်ခဲ့ပြီး ဆန္ဒပြသူတွေကလည်း ရဲတွေကို ပုလင်းတွေ ထီးတွေနဲ့ ပြန်ရိုက်နှက် ပစ်ပေါက်ခဲ့တဲ့ ရုပ်သံတွေ လူမှုကွန်ရက် မီဒီယာပေါ် တက်လာခဲ့ပါတယ်။
တရားခံ လွှဲပြောင်းပေးရေး ဥပဒေမူကြမ်းကြောင့် ဟောင်ကောင်မှာ မတည်မငြိမ် ဖြစ်အပြီး နောက်တခါ တရုတ်ကုန်သည်တွေ ဟောင်ကောင်မှာ ကြီးစိုးတာကို ဆန့်ကျင်ပြီး ထောင်နဲ့ချီတဲ့ လူတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ပါတယ်။
တလွဲစီမံခန့်ခွဲမှုကြောင့် မကျေနပ်ချက် များလာရာက ဆန္ဒပြပွဲ ဖြစ်ခဲ့ပုံရတယ်လို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။
ဒိုင်းတွေ ကိုင်ထားတဲ့ ရဲတွေက ပုံစံဖော် ချီတက်လာပြီး လမ်းအတော်များများကို ရုတ်တရက် ပြန်ထိန်းချုပ်ခဲ့တာပါ။ ဆန္ဒပြသူတွေက ဧရိယာထဲက ထွက်သွားဖို့နဲ့ အကြမ်းဖက်တာ မလုပ်ဖို့ ရဲတွေက တိုက်တွန်းခဲ့ပါတယ်။
၁၉၉၇ မှာ ဗြိတိန်လက်အောက်ကနေ တရုတ်ပြည်မကြီး လက်အောက်ကို ပြန်ရောက်လာတဲ့ ဟောင်ကောင်မှာ အချိန်တလကျော်အတွင်း ဆန္ဒပြပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပါတယ်။
2 years Ago