ဟောင်ကောင်မှာ အာတို (Hato) တိုင်ဖွန်းမုန်တိုင်း အမြင့်ဆုံးတိုက်ခတ်နိုင်တဲ့ အခြေအနေရှိတာမို့ အရေးပေါ်သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
မြို့အနီး ကမ်းရိုးတန်းကို ဦးတည်တိုက်ခတ်လာနိုင်တဲ့အတွက် လက်ရှိမှာတော့ စတော့ဈေးကွက်တွေ၊ စာသင်ကျောင်းတွေ၊ ဈေးတွေကို ပိတ်ထားခဲ့ရပြီး တခြား ရာနဲ့ချီတဲ့ လေကြောင်းခရီးစဉ်တွေကိုလည်း ဖျက်သိမ်းထားခဲ့ရတယ်လို့ စီဂျီတီအန်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ လေပြင်းတိုက်ခတ်မှုတွေ၊ မိုးသည်းထန်စွာ ရွာသွန်းမှုတွေနဲ့အတူ လှိုင်းတွေရိုက်ခတ်နေတာကို ကြောက်မက်ဖွယ် တွေ့မြင်ကြရမှာပါ။
မုန်တိုင်းရဲ့အရှိန်ကြောင့် ဟောင်ကောင်နဲ့ တရုတ်နိုင်ငံ တောင်ပိုင်းမြို့တွေမှာ လမ်းမတွေပေါ် ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
5 years Ago