ဟောင်ကောင်တွင် ဒီမိုကရေစီအရေးလှုပ်ရှားသူ ၉ ဦးကို ဖမ်းဆီး

April 28, 2017

ဟောင်ကောင်တွင် ဒီမိုကရေစီအရေးလှုပ်ရှားသူ ၉ ဦးကို ဖမ်းဆီး

ဟောင်ကောင်အစိုးရက ဒီမိုကရေစီအရေးလှုပ်ရှားသူ ၉ ဦးကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဟောင်ကောင်မြို့ထဲရှိ ဘေဂျင်းကိုယ်စားလှယ်ရုံးရှေ့မှာ ဆန္ဒပြမှုနဲ့ပတ်သက်ပြီး ဧပြီ ၂၇ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ ပြီးခဲတဲ့နှစ် နိုဝင်ဘာလထဲမှာပဲ ဟောာင်ကောင်တရားရုံးချုပ် အစည်းအဝေးထဲကို ဝင်ရောက်ဆန္ဒပြခဲ့တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူ အစိုးရရှေ့နေ ၂ ဦးကို ဧပြီ ၁၆ ရက်နေ့ကလည်း ပြစ်ဒဏ်ချမှတ် ဖမ်းဆီးခဲ့ပါသေးတယ်။ ဟောင်ကောင် ဒီမိုကရေစီလှုပ်ရှားသူတွေက ဟောင်ကောင်အရေးမှာ တရုတ်ရဲ့ ဝင်ရောက်စွက်ဖက်မှုတွေ များပြားလာတဲ့အပေါ် စိုးရိမ်လျက်ရှိနေကြပါတယ်။ ဟောင်ကောင်မှာ ကာလကြာမြင့်စွာ တားမြစ်ခံထားရတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေဟာ ၂၀၁၄ ခုနှစ် ဆန္ဒပြပွဲက စပြီး အရှိန်မြင့်လာခဲ့တယ်လို့ သိရပါတယ်။ ဒီမိုကရေစီအရေးလှုပ်ရှားသူ ၁ ဦးက “အုပ်ချုပ်ရေးမှူးချုပ်ဟောင်း လီယွန်ချန်းယင် အနားမယူခင်က အမိန့်ထုတ်ခဲ့တာ။ သူက ဒီမိုကရေစီအရေးလှုပ်ရှားတဲ့ အစိုးရရှေ့နေတွေ၊ ကျောင်းသားတွေကို ဥပဒေတွေထုတ်၊ ဖမ်းဆီးတာတွေလုပ်ပြီး ခြောက်လှန့်ချင်တာ” လို့ ပြောပါတယ်။ ဆိုရှယ်ဒီမိုကရက်အသင်း ဥက္ကဋ္ဌက “ကျနော်တို့ကတော့ တရားမျှတမှုနဲ့ လူ့အခွင့်အရေးတွေအတွက် တိုက်ပွဲဆက်ဝင်သွားမှာပဲ။ အထူးသဖြင့် ကျနော်တို့ရဲ့ လွတ်လပ်တဲ့ အခွင့်အရေးတွေကို ထိပါးလာရင် ကွန်မြူနစ်ပါတီနဲ့ ဟောင်ကောင်အစိုးရအပေါ် မကျေနပ်တာတွေကို ဆက်ပြီး ဆန္ဒပြသွားမှာပဲ” လို့ ပြောခဲ့ပါတယ်။
4 years Ago
Up