ဟောင်ကောင်တွင် တုပ်ကွေးဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသူ ၃၂၀ ရှိ

August 8, 2017

ဟောင်ကောင်တွင် တုပ်ကွေးဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသူ ၃၂၀ ရှိ

ဟောင်ကောင် အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲမှာ တုပ်ကွေးဗိုင်းရပ်စ် ကူးစက်နေလို့ သေဆုံးသူ အယောက် ၃၂၀ ရှိပြီလို့ ကျန်းမာရေးဌာနလက်အောက်ခံ ကျန်းမာရေးဆိုင်ရာ ကာကွယ်ရေးဌာနက ပြောပါတယ်။ တုပ်ကွေးကူးစက်မှု ၄၅၆ မှုရှိပြီး အသက် ၆၅ နှစ်အထက် သက်ကြီးနိုင်ငံသားတွေ ကူးစက်မှုအခံရဆုံးလို့လည်း အစီရင်ခံထားပါတယ်။ မေလ ၅ ရက်ကနေ သြဂုတ် ၆ ရက်ထိ ၃ လတာ ကာလအတွင်း တုပ်ကွေးကူးစက်မှု စုစုပေါင်း ၁၉ မှုက ကလေးတွေဖြစ်ပြီး သူတို့ထဲက ၃ ဦး သေဆုံးခဲ့ပါတယ်။ ဇူလိုင်လလယ်က တုပ်ကွေးကူးစက်မှု အမြင့်ဆုံးဖြစ်ပြီး ကျန်ခဲ့တဲ့ သီတင်း ၃ ပတ်အတွင်း ကူးစက်မှု ကျဆင်းခဲ့ပါတယ်။ ဒီနှစ်အတွင်း တုပ်ကွေးရာသီ လူသေဆုံးမှုက မနှစ်က ဆောင်းရာသီထက် ပိုမြင့်ခဲ့ပြီး ၂၀၁၅ ဆောင်းရာသီထက်တော့ လူသေမှု လျော့နည်းခဲ့တယ်လို့ ကျန်းမာရေးဆိုင်ရာ ကာကွယ်ရေးဌာနက ပြောပါတယ်။
4 years Ago
Up