ဟောင်ကောင်တွင် တိုင်ဖုန်းမုန်တိုင်း သတိပေးချက်ထုတ်ပြန်

A d v e r t i s e m e n t With Us

October 21, 2016

ဟောင်ကောင်တွင် တိုင်ဖုန်းမုန်တိုင်း သတိပေးချက်ထုတ်ပြန်

တိုင်ဖုန်းမုန်တိုင်း ဟိုင်မာချဉ်းကပ်လာနေလို့ ဟောင်ကောင်မှာ လှိုင်းကြီးနေတာပါ။ အစိုးရက သောကြာနေ့ အစောပိုင်းမှာ တတိယ အဆင့်အမြင့်ဆုံး တိုင်ဖုန်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။ မြို့တွင်းမှာ မရှိမဖြစ် ဝန်ဆောင်မှု လုပ်ငန်းတွေကလွဲလို့ အားလုံးကို ပိတ်ထားပါတယ်။ အစိုးရကလည်း ပြည်သူတွေ အိမ်ထဲ၊ အခန်းထဲမှာ နေကြဖို့နဲ့ ပင်လယ်နဲ့ ဝေးဝေးမှာ နေကြဖို့ အကြံပြု ထားပါတယ်။ ဒါပေမယ့် ဒီအခြေအနေဟာ လှိုင်းစီးသူတွေအတွက် မျှော်လင့်ရတဲ့ အိပ်မက်ပါ။ ဒါဇင်နဲ့ချီတဲ့ စွန့်စားချင်သူတွေဟာ ရှီကိုကမ်းခြေမှာ ပင်လယ်ထဲ ဆင်းပြီး မကြုံစဖူး ကြီးတဲ့ လှိုင်းတွေကို စီးနင်း ပျော်ရွှင် နေပါတယ်။ “ဟောင်ကောင်ဟာ အင်မတန် ရှေးရိုးစွဲ ဆန်လို့ ခုလို သတိပေးချက် ထုတ်နေတာပါ။ အခြေအနေက ထင်သလောက် မဆိုးဘူး” လို့ စီမံကိန်း မန်နေဂျာ အရန်ဒန် ဘယ်နီက ပြောပါတယ်။ စီးပွားရေး ပညာရှင် ဆိုင်မွန်ကွေးလ်ကတော့ တိုင်ဖုန်း မုန်တိုင်း မရှိတာတောင် တိုင်ဝမ်နဲ့ ဘာလီက လှိုင်းတွေက ခုထက် ပိုကြီးတယ်လို့ ပြောပါတယ်။ ဒါပေမယ့် လှိုင်းအခြေ အနေက ခုမှစပြီး လှိုင်းစီးမယ့် သူတွေအတွက်တော့ မဟုတ်ဘူးလို့ သူက ဝန်ခံ ပြောဆိုပါတယ်။ မုန်တိုင်းကြောင့် သစ်ပင် ၂၃ ပင် ပြိုလဲခဲ့လို့ လူ ၅၉ ဦးက ယာယီခိုလှုံရေးစခန်းတွေ လာရောက် ခိုလှုံခဲ့ တယ်လို့ ပြည်ထဲရေးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။ ခရီးသည်တင် လေကြောင်းခရီးစဉ်ပေါင်း ၆၈၉ ခုကို ခရီးစဉ် နှောင့်နှေး ဖျက်သိမ်းခဲ့ ရတယ်လို့ ဟောင်ကောင် လေဆိပ် အာဏာပိုင် အဖွဲ့က ပြောပါတယ်။ ဟိုင်မာ မုန်တိုင်းဟာ မွန်းလွဲပိုင်းမှာ ဟောင်ကောင်နဲ့ အနီးဆုံးဖြစ်လာမယ်။ လေတိုက်နှုန်း တနာရီ မိုင်လေးဆယ်နဲ့ ဟောင်ကောင် အနောက်မြောက်ပိုင်းကို တိုက်ခတ်မယ်လို့ ဟောင်ကောင် စောင့်ကြည့်ရေး အဖွဲ့က သူ့အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
4 years Ago
Up