ဟောင်ကောင်ဂိုဏ်းစတား

April 12, 2017

ဟောင်ကောင်ဂိုဏ်းစတား ၃ ဦးဘဝ အခြေခံရိုက်ကူးထားသည့်ရုပ်ရှင် ဆု ၅ ဆု ဆွတ်ခူး

ပြီးခဲ့တဲ့ ဧပြီ ၉ ရက်နေ့က ဟောင်ကောင်မှာကျင်းပတဲ့ ၃၆ ကြိမ်မြောက် ရုပ်ရှင်ပွဲတော်မှာ ဟောင်ကောင်ဂိုဏ်းစတား ၃ ဦးဘဝကို အခြေခံ ရိုက်ကူးထားတဲ့ "Trivisa" ဆိုတဲ့ တရုတ်အက်ရှင်ဇာတ်ကားဟာ အကောင်းဆုံးရုပ်ရှင်ဆု၊ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု အပါအဝင် ရုပ်ရှင်ဆု ၅ ဆုကို သိမ်းပိုက်ခဲ့ပါတယ်။ ဒါရိုက်တာ ဖရန့်ဟွေ၊ ဂျဗွန်အော်နဲ့ ဗစ်ကီဝမ်တို့ ရိုက်ကူးခဲ့တဲ့ အဲဒီရုပ်ရှင်ဟာ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံးဇာတ်ညွှန်းဆုနဲ့ အကောင်းဆုံးတည်းဖြတ်ဆုတို့ကိုလည်း ရရှိခဲ့ပါတယ်။ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုရ လမ်ကာတန်ဟာ အမျိုးသားဇာတ်ပို့ဆု ဆန်ကာတင်စာရင်းထဲမှာ ၃ ကြိမ်တိုင် ပါဝင်ခဲ့ပါတယ်။ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ "Happiness" ဇာတ်ကားနဲ့ ကာရာဝေ (Kara Wai) က ရရှိခဲ့ပါတယ်။ အကောင်းဆုံး ဒါရိုက်တာလက်သစ်ဆုကို "Mad World" ဇာတ်ကားနဲ့ ဝေါင်ချွန်က ရရှိခဲ့ပါတယ်။ ဒါ့အပြင် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုတို့ကို အဲရစ်ဆန်းနဲ့ အီလိန်းဂျင်တို့က အသီးသီးရရှိခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago
Up