ဟေတီသမ္မတ

A d v e r t i s e m e n t With Us

June 10, 2019

ဟေတီ သမ္မတ ရာထူးကနုတ်ထွက်ရန် လူထောင်ချီ ဆန္ဒပြ

ဟေတီနိုင်ငံ မြို့တော် ပို့တ်အော်ပရင့်စ်မှာ ဇွန်လ ၉ ရက်က ထောင်ချီတဲ့ ဆန္ဒပြသူတွေ လမ်းမပေါ်စုဝေးပြီး သမ္မတ ဂျိုဗီနယ်မွိုက်ကို ရာထူးကနုတ်ထွက်ဖို့ တောင်းဆိုနေကြပါတယ်။ လမ်းမပေါ်မှာ ဆန္ဒပြသူတွေ ချီတက်နေချိန် အဆောက်အအုံတွေ မီးလောင်နေတဲ့ ရုပ်သံဖိုင်ကို ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ မငြိမ်သက်မှုတွေအတွင်း လူတယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြကြပါတယ်။ ဖေဖော်ဝါရီ ၇ ရက်နေ့ကတည်းက ဟေတီ မြို့ကြီးတော်တော်များများမှာ ထောင်ချီတဲ့ ပြည်သူတွေ ဆန္ဒပြနေကြတာပါ။ နိုင်ငံတွင်း ငွေကြေးဖောင်းပွမှုနဲ့ ငွေကြေးတန်ဖိုး ကျဆင်းမှုတွေကို သမ္မတက မဖြေရှင်းနိုင်တာကြောင့် ရာထူးကနုတ်ထွက်ဖို့ ဆန္ဒပြသူတွေက ဖေဖော်ဝါရီ ၇ ရက်တည်းက ခုထိ တောင်းဆိုနေကြတာပါ။ သမ္မတဟာ ဗင်နီဇွဲလား ရေနံရန်ပုံငွေကိစ္စနဲ့ ပတ်သက်ပြီး ငွေကြေးအလွဲသုံးစားလုပ်တဲ့ စွပ်စွဲမှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ဟေတီဟာ ကမ္ဘာ့အနောက်ဘက်ခြမ်းမှာ အဆင်းရဲဆုံး နိုင်ငံပါ။ ၂၀၁၀ ခုနှစ် အင်အားပြင်းငလျင် လှုပ်ခတ်ပြီးကတည်းက ဟေတီနိုင်ငံဟာ တိုင်းပြည်ပြန်တိုးတက်ဖို့ ခုချိန်ထိ ရုန်းကန်နေရဆဲလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
2 years Ago
Up