ဟေတီ

February 13, 2019

ဟေတီ အကြမ်းဖက် ဆန္ဒပြပွဲအတွင်း ၁ ဦး သေဆုံး

ဟေတီနိုင်ငံ မြို့တော်ပို့အော်ပရင့်စ်မှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဆန္ဒပြပွဲအတွင်း လူတဦး သေနတ်ပစ်ခံရပါတယ်။ ဟေတီပြည်သူတွေက နိုင်ငံအတွင်း စီးပွားရေးကျဆင်းတာနဲ့ အကျင့်ပျက်ခြစားတာတွေအပေါ် ဆန့်ကျင်ဆန္ဒပြတာပါ။ ပက်ထရိုကရီဘေလို့ အမည်ရတဲ့ ရေနံလုပ်ငန်း ရန်ပုံငွေ အလွဲသုံးစားမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ပြည်သူတွေ ဒေါသဖြစ်ပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။    ဆန္ဒပြသူတွေက မော်တော်ယာဉ်တစီးကို မီးရှို့ကြသလို တခြားသူတွေကလည်း စတိုးဆိုင်တဆိုင်ကို လုယက်ကြပါတယ်။ ဆန္ဒပြပွဲတွေရဲ့ နောက်ခံအကြောင်းတရားတွေကတော့ နိုင်ငံ စီးပွားရေး တုံ့ဆိုင်းတာ၊ ငွေကြေး တန်ဖိုးကျဆင်းတာနဲ့ ငွေကြေးဖောင်းပွမှု မြင့်တက်တာတို့ပဲ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေက သမ္မတ ယွတ်နဲ မွိုင့်ဇ်ကို ရာထူးက ဆင်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago

November 9, 2018

ရွှေ့ပြောင်း ဟေတီနိုင်ငံသားများကို ချီလီအစိုးရ နေရပ်ပြန်ပို့

ချီလီအစိုးရဟာ ရွှေ့ပြောင်းလာသူ ဟေတီနိုင်ငံသားတွေကို နိုဝင်ဘာ ၇ ရက်နေ့က လေယာဉ်နဲ့ ဟေတီနိုင်ငံကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။ ဟေတီနိုင်ငံသား ၁၇၆ ဦး လိုက်ပါလာတဲ့ ချီလီလေတပ်လေယာဉ်ဟာ ဟေတီနိုင်ငံ မြို့တော် ပို့စ်အော်ပရင့်ကို ရောက်လာခဲ့ပါတယ်။ ဒါဟာ လူသားချင်းစာနာစိတ်နဲ့ ပို့ဆောင်မှုတွေထဲက ပထမဆုံးဖြစ်ပြီး ရွှေ့ပြောင်းသူအဖွဲ့တွေကတော့ ဒါကို အတင်းအကျပ် ပြည်နှင်တယ်လို့ ဆိုပါတယ်။ ပြန်တော်ပြန် ဟေတီနိုင်ငံသားတဦးက “ကျနော်တို့ ဟေတီနိုင်ငံသားတွေ အရှက်ရပါတယ်။ ဘာလို့လဲဆိုတော့ ချီလီနိုင်ငံမှာ ဟေတီတွေအပြင် တခြားနိုင်ငံခြားသားတွေ ရှိတဲ့ဟာကို ချီလီအစိုးရက ကျနော့်ကိုပဲ ပြန်လွှတ်တယ်” လို့ ပြောပါတယ်။ စုစုပေါင်း ဟေတီနိုင်ငံသား ၁,၀၈၇ ဦးကို ပြန်ပို့ဖို့ စီစဉ်ထားတယ်လို့ ချီလီပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်း ဟေတီနိုင်ငံသား ၁ သိန်းခွဲဝန်းကျင်ဟာ ချီလီနိုင်ငံကို တရားမ၀င် ၀င်ရောက်ခဲ့တယ်လို့ အဆိုပါ ၀န်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
3 years Ago
More News
Up