သွေးလှူ

May 16, 2018

ကလေး ၂ ဒသမ ၄ သန်းကျော်ကို ကယ်တင်ရန် ၁၁၇၃ ကြိမ် သွေးလှူခဲ့သည့်အမျိုးသား

ရွှေလက်ရှင်အမျိုးသားလို့ နာမည်ပြောင်ရထားတဲ့ ဂျိမ်းစ်ဟာရစ်ဆင်ဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း ကလေးအယောက် ၂ ဒသမ ၄ သန်းကျော်ကို ကယ်တင်ဖို့ သွေးအကြိမ်ရေ ၁၁၇၃ ကြိမ် လှူဒါန်းခဲ့ပါတယ်။ အသက် ၈၁ နှစ်အရွယ် အမျိုးသားဟာ သူ့သွေးထဲမှာ အသက်ကယ် ဆေးဘက်ဝင် အန်တီဒီကို ထုတ်လုပ်ရာမှာ သုံးတဲ့ အန်တီဘော်ဒီရှိသူတယောက် ဖြစ်ပါတယ်။ မမွေးသေးတဲ့ ကလေးအတွက် အသက်ဘေးရှိနိုင်တဲ့ မိခင်တွေကို အန်တီဒီ ပေးသွင်းရပြီး အဲဒီ အန်တီဒီကိုတော့ သွေးလှူရှင်တွေရဲ့ ပလာစမာကနေ ထုတ်ယူရရှိတယ်လို့ သြစတြေးလျ ကြက်ခြေနီအသင်းက ပြောပါတယ်။ ဟာရစ်ဆင်ဟာ အန်တီဒီ အစီအစဉ်ကို ဦးဆောင်သူတယောက်ဖြစ်ပြီး ၁၉၆၇ ခုနှစ်တည်းက စတင် သွေးလှူဒါန်းသူပါ။ သွေးလှူမှုမှာ ဂင်းနစ် ကမ္ဘာ့စံချိန်ဝင်ခဲ့ပြီး Medal of the Order of Australia ဆုကိုလည်း ရခဲ့ပါတယ်။ သူဟာ သွေးလှူလို့ရတဲ့ အရွယ်ထိ ဆက်လှူမယ်လို့ ကတိပြုခဲ့ပါတယ်။
3 years Ago
Up