သွေးလွန်တုပ်ကွေး

June 15, 2019

သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်

မြန်မာတနိုင်ငံလုံးမှာ ဇွန်လ ပထမပတ်ထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၃၁၀၀ ကျော်နဲ့ သေဆုံးသူ ၁၂ ဦးထိ ရှိနေပြီး အသိပညာပေးတာတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမယ်လို့  ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။ ရန်ကုန်တိုင်း၊ ဧရာဝတီ၊ ပဲခူး၊ တနသာင်္ရီနဲ့ ကရင်ပြည်နယ်တို့ဟာ ဖြစ်ပွားမှုအများဆုံး ဖြစ်ပါတယ်။ ဒီနှစ် ၂၀၁၉ ခုနှစ်မှာတော့ တနိုင်ငံလုံးအနေနဲ့ ဇွန် ၈ ရက်နေ့အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ  ၃၁၄၄ ဦးရှိပြီး ၁၂ ဦးသေဆုံးခဲ့ပါတယ်။ ဒါပေမယ့်  လက်ရှိ ဖြစ်ပွားနေတဲ့ အခြေအနေဟာ ၂၀၁၈ ကာလတူလောက် မရှိဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန စီမံချက်မန်နေဂျာ ဒေါက်တာ နေရီရီလင်းက ပြောပါတယ်။ မနှစ်ကထက်စာရင်တောင် မနှစ်က ၂ဝ၁၈ မေလကုန်မှာဆိုရင်တောင် ၂၈ဝဝ ကျော်လောက်ရှိနေပြီ။ အခုက ၂၆၀၀ ကျော်လောက်ပဲ ရှိသေးတယ်။ တခုစောင့်ကြည့်ရမှာက အခုက မိုးရာသီက အခုမှလာတာ။ ကလေးကျောင်းတွေကလည်း အခုမှ ဖွင့်တာ။ ပုံမှန်ဆိုရင်လည်း ဇွန်၊ ဇူလိုင်၊ သြဂုတ်က case ကအများဆုံး။ မတက်အောင်တော့ ကျမတို့ဘက်က ကာကွယ်နှိမ်နင်းရေး၊ ပညာပေးရေးလုပ်ငန်းတွေကို အရမ်းအားစိုက်ပြီး လုပ်နေတာပေါ့။" သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်မှုအနေနဲ့ အသိပညာပေးတာတွေကို ဧပြီလ ကတည်းက စတင်လုပ်ဆောင်ခဲ့ပြီး သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု များပြားတဲ့ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာတို့မှာ အသိပညာပေးတာတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ကျားဖြစ်စေတဲ့ ပိုးလောက်လန်းကနေ အဓိက ဖြစ်ပွားတဲ့ အတွက် ဖုံး၊သွန်၊ လဲ၊စ စ် လုပ်ငန်းကို အိမ်တိုင်း ဂရုပြုကြဖို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှူဟာ ၂၀၁၅ ခုနှစ်က စံချိန်တင်အနေနဲ့ ဖြစ်ပွားသူ ၄၂၉၀၀ ကျော်ထိရှိခဲ့ပြီး ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ ခုနှစ်တွမှာတော့ ဖြစ်ပွားသူ ၁ သောင်းကျော်၊ ၂ သောင်းကျော်ထိပဲ ရှိခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာ  သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၈,၇၈၅ ဦးနဲ့ သေဆုံးသူ ၄၃ ဦးရှိခဲ့ပြီး  ကပ်ရောဂါအသွင်ဖြစ်ပွားနေပြီလို့ ထိုင်းနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးဌာန Centre of Disease Control - CDC ဇွန် ၁၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ အာကာ
3 years Ago

ထိုင်းတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၄၃ ဦးရှိပြီ

နိုင်ငံအတွင်း ခြင်ကြောင့်ဖြစ်တဲ့ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားနေကြောင်း ထိုင်းရောဂါထိန်းချုပ်ရေး ဌာနက ဇွန်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အခုနှစ်အတွင်း ရောဂါကူးစက်ခံရသူ ၂၈၇၈၅ ဦးရှိခဲ့ပြီး အဲ့ဒီထဲကမှ ၄၃ ဦးဟာ သေဆုံးခဲ့ရတယ်လို့ Bangkok Post သတင်းမှာ ဖော်ပြပါတယ်။ “ဒီကိန်းဂဏန်း အချက်အလက်တွေဟာ ဇန်နဝါရီ ၁ ရက်နေ့ကနေ ဇွန်လ ၁၁ ရက်နေ့အတွင်း ရရှိခဲ့တဲ့ အချက်အလက်တွေဖြစ်ပြီး ရောဂါကူးစက်ခံရသူ အရေအတွက်ဟာလည်း ငါးနှစ်တာ ပျမ်းမျှဖြစ်ပွားမှုထက် နှစ်ဆမြင့်တက်ခဲ့တယ်” လို့ ဌာနရဲ့လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာ ပရီချာ ပရမ်ပရီက ပြောပါတယ်။ ရာသီဥတုအပါအဝင် တူညီတဲ့ အခြေအနေတွေ ရှိနေတာကြောင့် ထိုင်းနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ဒီလိုမျိုးရောဂါပြန့်ပွားမှုရှိနေပြီး ခြင်ပေါက်ဖွားမှုကို မထိန်းချုပ်နိုင်ခဲ့တာကြောင့် ဒီလိုဖြစ်ရတာလို့ သူက ဆက်လက်ပြောဆိုပါတယ်။ ဇွန် ၁၄ ရက်နေ့မှာပဲ ထိုင်းနိုင်ငံရဲ့ ပြည့်သူ့ကျန်းမာရေးဌာနက ခြင်ပေါက်ဖွားမှုကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ရန် ပြည်နယ်ခုနစ်ခုမှ ဝန်ကြီးဌာနတွေနဲ့ သဘောတူညီချက်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီဝန်ကြီးဌာနတွေမှာ ကာကွယ်ရေးဝန်ကြီးဌာန၊ ခရီးသွားနဲ့ အားကစားဝန်ကြီးဌာန၊ သဘာဝသယံဇာတနဲ့ ပတ်ဝန်းကျင်ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပညာရေးနဲ့ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးဝန်ကြီးဌာနတို့ ပါဝင်ပါတယ်။ ဒီလိုထိန်းချုပ်ခြင်းမှာ ရပ်ကွက်တွေ ဘုရားကျောင်းတွေ ကျောင်းတွေနဲ့ ဆေးရုံတွေ ပါဝင်တယ်လို့ ထိုင်းပြည်သူ့ ကျန်းမားရေးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဒေါက်တာ ဆူခန် ကန်ချနာပီမိုင်ကပြောပါတယ်။ “ရပ်ကွက်တွေနဲ့ ဘုရားကျောင်းတွေဟာ ခြင်တွေပေါက်ဖွားတဲ့ ပင်မနေရာတွေဖြစ်တယ်” လို့ ပြေါတယ်။ ထိုင်းနိုင်ငံမှာ မနှစ်က မိုးရာသီအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူ ၅၉,ဝဝဝ ရှိပြီး ၆၉ ယောက် သေဆုံးခဲ့တယ်လို့ ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၀,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၀၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။
3 years Ago

September 20, 2018

ထိုင်းတွင် သွေးလွန်တုပ်ကွေး ကူးစက်ခံရသူ ၆ သောင်းခန့်ရှိ၊ ၆၉ ဦး သေဆုံး

ထိုင်းနိုင်ငံမှာ အခုနှစ်မိုးရာသီအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူ ၅၉, ဝဝဝ ရှိပြီး ၆၉ ဦး သေဆုံးခဲ့တယ်လို့ ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ မြို့တော်ဘန်ကောက်မှာ ၅၈၉၉ ဦး ရောဂါကူးစက်ခံခဲ့ရပြီး ၅ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီအထဲက တဦးဟာ ဘန်ကောက်ရဲ့ အဆင်းရဲဆုံး ဆင်ခြေဖုံးတခုဖြစ်တဲ့ ရင်ဘွန်မာကက်ဆန် အရပ်က ဖြစ်ပါတယ်။ အဲဒီအရပ်ဟာ မြေနိမ့်ဒေသဖြစ်ပြီး ကြီးမားတဲ့ အမှိုက်ပုံကြီးတွေကြောင့် အခုလို မိုးရာသီမှာ အကြီးအကျယ် ခြင်ပေါက်ဖွားရာဒေသ ဖြစ်နေပါတယ်။ အဲဒီဒေသမှာ ရွှေ့ပြောင်းအလုပ်သမား အများစုနေထိုင်ပြီး ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေပါ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံနေရပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့နှစ် မိုးရာသီကလည်း သွေးလွန်တုပ်ကွေး ကူးစက်ခံရသူ ၉၃၆၈ ဦး ရှိခဲ့ပြီး အဲဒီအထဲက ၆ ဦး သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
More News
Up