သွေးပျက်ထိတ်လန့်ဖွယ် အနက်ရောင်ငှက်အုပ်စုကြီး အမေရိကန် လမ်းမပေါ် ၀င်မွှေ ရုပ်သံ)

January 26, 2017

သွေးပျက်ထိတ်လန့်ဖွယ် အနက်ရောင်ငှက်အုပ်စုကြီး အမေရိကန် လမ်းမပေါ် ၀င်မွှေ ရုပ်သံ)

အမေရိကန်နိုင်ငံမြို့လယ်ခေါင်လမ်းမကြီးတခုပေါ်မှာ သည်းထိတ်ရင်ဖိုရုပ်ရှင်ကားတကားထဲက အတိုင်း သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ အနက်ရောင်ငှက်အုပ်စုကြီးတစုဟာ ၀ဲပျံသွားခဲ့တာကို ရုပ်သံဗွီဒီယိုနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ တက္ကဆက်စ်ပြည်နယ်၊ ဟူစတန်မြို့ လမ်းမတခုပေါ်က ဒီအဖြစ်အပျက်ကို မျက် မြင်တွေ့ရှိတဲ့ ယာဉ်မောင်းတဦးက မှတ်တမ်းတင်ခဲ့တာဖြစ်တယ်လို့ ဒေးလီးမေးလ်သ တင်းတပုဒ်မှာ ဒီကနေ့ဖော်ပြပါတယ်။ ညနေရီတရောမှာ ကားမီးရောင်တွေကြား ကားတွေရဲ့ ရှေ့ကနေ ဖြတ်ပျံသန်းနေ ကြတဲ့ ငှက်တွေရဲ့ ပုံသဏ္ဍာန်ဟာ တကယ့်ကို သွေးပျက်ထိတ်လန့်စရာ ကောင်းနေခဲ့ တာပါ။ မီးခိုးရောင် ကောင်းကင်နောက်ခံနဲ့ ထောင်နဲ့ချီတဲ့ အနက်ရောင်ငှက်အုပ်စုကြီး ပျံ သန်းနေတာဟာ ၁၉၆၃ ခုနှစ်က ရုပ်ရှင်ဒါရိုက်တာ အဲလ်ဖရက်ဒ် ဟစ်ခ်ျကော့ခ်ရိုက်ကူး ခဲ့တဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ကား “The Birds”ထဲက ဇာတ်ဝင်ခန်းအတိုင်း ဖြစ်နေခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ အဲဒီဇာတ်ကားထဲမှာတော့ ဘိုဒီဂါပင်လယ်အော်ကမ်းခြေမြို့ သေးသေးလေးမှာ မ ကောင်းဆိုးဝါးငှက်တွေ ခြိမ်းခြောက်တိုက်ခိုက်ခံခဲ့ရပုံကို ဇာတ်အိမ်ပြုရိုက်ကူးခဲ့တာပါ။
5 years Ago
Up