သော်ဂန်ဟာဇက်

A d v e r t i s e m e n t With Us

May 23, 2019

သော်ဂန်ဟာဇက်နှင့် ဂျူလီယန်ဘရန့်တို့ကို ဒေါ့မွန်အသင်း ခေါ်ယူ

ဒေါ့မွန်အသင်းဟာ ဘွန်ဒက်စ်လီဂါ ကြယ်ပွင့်ကစားသမား နှစ်ဦးဖြစ်တဲ့ ဂျူလီယန်ဘရန့်နဲ့ သော်ဂန်ဟာဇက်တို့ကို ခေါ်ယူလိုက်ပါတယ်။ ဒေါ့မွန်အသင်းဟာ တောင်ပံကစားသမား ပူလီဆစ်ကို ချဲလ်ဆီးအသင်းဆီ အပြီးသတ် စေလွှတ်လိုက်ရပြီးနောက် ကြယ်ပွင့်ကစားသမားနှစ်ဦးကို ဆက်တိုက် ခေါ်ယူနိုင်ခဲ့တာပါ။ ပထမဦးဆုံး ခေါ်ယူမှုအဖြစ် ဟာဇက်ရဲ့ညီ မိုချန်ဂလာဘက်အသင်းက သော်ဂန်ဟာဇက်ကို ပေါင် ၂၂ ဒသမ ၅ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လေဗာကူဆင်အသင်းက ဂျာမနီလက်ရွေးစင် တောင်ပံကစားသမား ဂျူလီယန်ဘရန့်ကို ပေါင် ၂၂ ဒသမ ၁ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဘရန့်ကတော့ ဒေါ့မွန်အသင်းက ချန်ပီယံဆုဖလားနဲ့ ကပ်လွဲခဲ့ရတဲ့အသင်း ဖြစ်တာကြောင့် သူ့အတွက် တိုးတက်မှုတွေ ရှိလာနိုင်တဲ့အသင်း ဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၂၃ နှစ်ပဲရှိသေးတဲ့ ဂျာမနီလက်ရွေးစင် ဘရန့်ဟာ လေဗာကူဆင်အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါပွဲစဉ် စုစုပေါင်း ၁၆၅ ပွဲကစားပြီး ၃၄ ဂိုးသွင်းပြီး ၄၁ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်ခဲ့ပါတယ်။
2 years Ago
Up