သောမက်စ်မူလာ

January 12, 2019

လီဗာပူးနှင့်ပွဲစဉ်တွင် ဘိုင်ယန်တိုက်စစ်မှူး သောမက်စ်မူလာ ကစားခွင့်ရမည်မဟုတ်

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်အဖြစ် လီဗာပူးနဲ့ ကစားရမယ့်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အားထားရတဲ့ တိုက်စစ်မှူး သောမက်စ်မူလာဟာ နှစ်ကျော့စလုံး ပါဝင်ကစားခွင့် ရရှိတော့မှာ မဟုတ်ဘူးလို့ သိပါတယ်။ အေဂျက်စ်အသင်းနဲ့ ၃ ဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မူလာဟာ ခြေထောက်နှစ်ဖက်လုံး လေပေါ်မြှောက်ပြီး တဖက်အသင်းရဲ့ ကစားသမား နီကိုလပ်စ်တဂ်လီယာဖစ်ကို ကန်ခဲ့တာကြောင့် အနီကတ် ပြသခံရပါတယ်။ မူလာအတွက် ကစားသမားဘဝ ပထမဆုံး အနီကတ်ပြသခံရတာလည်း ဖြစ်သလို နောက်ဆက်တွဲ အရေးယူမှုအဖြစ် မူလာကို လာမယ့် ပွဲစဉ် ၂ ပွဲ ပွဲပယ်ပြစ်ဒဏ်ကျခံဖို့ ယူအီးအက်ဖ်အေက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ မူလာကတော့ ပွဲပြီးတဲ့နောက်ရက်မှာပဲ သူ့ရဲ့အမှားအတွက် တွစ်တာကနဲ့ နီကိုလပ်စ်ကို တောင်းပန်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက် ပထမအကျော့အဖြစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ လီဗာပူးအိမ်ကွင်း အန်ဖီးလ်မှာ လာရောက်ကစားရမှာဖြစ်သလို မတ်လ ၁၃ ရက်နေ့မှာ တော့ မြူးနစ်မြို့မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။
2 years Ago
Up