သောင်တင်

July 29, 2018

ကမ်းကပ်ရန်ငြင်းပယ်ခံရ၍ ကိုယ်ဝန်ဆောင် ၂ ဦးအပါအ၀င် ဒုက္ခသည်လှေ ပင်လယ်ထဲ သောင်တင်

နိုင်ငံ ၄ ခုကနေ ကမ်းကပ်ဖို့ ငြင်းပယ်ခဲ့တဲ့အတွက် ကိုယ်ဝန်ဆောင်အမျိုးသမီး ၂ ဦးအပါအဝင် ရွှေပြောင်းဒုက္ခသည် ၄ဝ လိုက်ပါလာတဲ့ လှေတစီးဟာ မြေထဲပင်လယ်ထဲမှာ သီတင်း ၂ ပတ်ကြာ သောင်တင်နေပါတယ်။ မြေထဲပင်လယ် ကမ်းခြေနိုင်ငံတွေဖြစ်တဲ့ မော်လ်တာ၊ ပြင်သစ်၊ အီတလီနဲ့ တူနီးရှား၊ ၄ နိုင်ငံလုံးက အဲဒီလှေကို ကမ်းကပ်ခွင့် ငြင်းပယ်ထားတာ ဖြစ်ပါတယ်။ အခုအခါ  တူနီးရှားအလံလွှင့်ထူထားတဲ့ ထောက်ပံ့ရေးသင်္ဘောက တူနီးရှားနိုင်ငံ အရှေ့ တောင်ဘက်ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ဇာဇစ်ကနေ ၃ ကီလိုမီတာအကွာ မြေထဲပင်လယ်ထဲကနေ အဲဒီလှေကို စောင့်ကြည့်နေကြောင်း CNN သတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up