သောက်ရေလှူဒါန်း

May 5, 2018

မကွေးတိုင်းအတွင်းရှိ ရေရှားပါးဒေသများကို ရဲတပ်ဖွဲ့ သောက်ရေလှူဒါန်း

  မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ရဲတပ်ဖွဲ့မှ ရေရှားပါးတဲ့ ဒေသခံပြည်သူတွေကို မေ ၅ ရက်နေ့ မနက်က တတိယကြိမ်မြောက် သောက်ရေတွေ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ “နွေရာသီ သောက်သုံးရေ ရှားပါးမှုကြုံတွေ့နေရတဲ့ မြေပြင်သာ ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူတွေကို သောက်ရေလှူတာ ဒါနဲ့ဆို ၃ ကြိမ်မြောက်ရှိပြီဗျ။ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်ပြီး မြို့သစ်မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ ယနေ့ ကျောက်ထရံကျေးရွာကို သွားရောက်လှူဒါန်းခဲ့ကြတာဖြစ်တယ်။ ညကလည်း ၃ လောင်းပြိုင်လူသတ်မှုက တရားခံသွားဖမ်းတာ ကောင်းကောင်းအိပ်ရသေးဘူး။ ပြည်သူ့အကျိုးပြု လုပ်ငန်းကလည်း မဖြစ်မနေ ဆောင်ရွက်ရမှာဖြစ်လို့ ခုလိုလာလှူတာဖြစ်တယ်” လို့ မြို့သစ် မြို့မစခန်းမှူး ဒုရဲမှူး ဝင်းနိုင်က ပြောပါတယ်။ “ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ် ၃ စီးနဲ့ ကျောက်ထရံကျေးရွာကို တစ်အိမ်ထောင် သောက်ရေဂါလန် ၅ ဂါလန်စီ လှူဒါန်းခဲ့တယ်။ ဒါနဲဆို သုံးကြိမ်ရှိပြီ မြေပြင်သာ ကျေးရွာအုပ်စုမှာ သောက်ရေဂါလန် စုစုပေါင်း ၅၂၀၀ လှူဒါန်းပြီးပြီ” လို့ ဆိုပါတယ်။ ကျောက်ထရံကျေးရွာဟာ မြို့သစ်မြို့နဲ့ ၁၅ မိုင်လောက်ကွာဝေးပြီး သောက်သုံးရေ အလွန်ရှားပါပြီး လူနေမှုဘဝ ဆင်းရဲနွမ်းပါတဲ့ ကျေးရွာတရွာဖြစ်ကာ အိမ်ခြေ ၁၂၀ နဲ့ လူဦးရေ ၅၀၀ လောက် နေထိုင်တယ်လို့ သိရပါတယ်။ သတင်း-မင်းထီး
4 years Ago
Up