သောက်သုံးရေပြတ်ရင် ဖုန်းဆက်ပြီး အကူအညီတောင်းနိုင်

A d v e r t i s e m e n t With Us

April 17, 2016

သောက်သုံးရေပြတ်ရင် ဖုန်းဆက်ပြီး အကူအညီတောင်းနိုင်

သောက်သုံးရေရှားပါးတဲ့ ဒေသရှိပြည်သူတွေအနေနဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနကို ဖုန်းနဲ့ဆက်သွယ် အကူအညီတောင်းနိုင်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဒေါက်တာဝင်းမြတ်အေးရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဌာနအနေနဲ့ သောက်သုံးရေရှားပါးတဲ့ဒေသတွေကို သောက်သုံးရေလိုက်ပို့ပေးနေတယ်၊ ယာယီရေလှောင်ကန်နဲ့ အုတ်ကန်တွေ လိုက်လုပ်ပေးနေ တယ်၊ စက်ရေတွင်းတွေလည်း တူးဖော်ပေးနေပြီး လိုအပ်ရင် ရေသန့်စက်လည်း လိုက်တပ်ပေးနေတယ်လို့ ကြေညာချက်ထဲ ဖော်ပြပါတယ်။
5 years Ago
Up