သေနတ်ဖြင့် လုယက်သူကို ပြန်တိုက်ခိုက်သည့် အာဂအမျိုးသမီး (ရုပ်သံ)

A d v e r t i s e m e n t With Us

March 5, 2016

သေနတ်ဖြင့် လုယက်သူကို ပြန်တိုက်ခိုက်သည့် အာဂအမျိုးသမီး (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာ ဘာကီစီရင်စုက စတိုးဆိုင်တဆိုင်မှာ သေနတ်နဲ့ ခြိမ်းခြောက်ကာ လုယက်ဖို့ ကြိုးစားတဲ့ အမျိုးသားတဦးကို အရောင်းစာရေး အမျိုးသမီးက ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ မတ်လ ၁ ရက်က အချိုရည်ဝယ်ပြီး ငွေချေကောင်တာမှာ အမျိုးသားက ငွေရှင်းအပြီး အမျိုးသမီးက ငွေထည့်တဲ့ အံဆွဲကို ဖွင့်လိုက်ရာမှာတော့ သေနတ်ပြကာ အံဆွဲကို လုယုဖို့ ကြိုးစားခဲ့ပါတယ်။ အမျိုးသမီးက သေနတ်ကိုင်ထားတဲ့လက်ကို ထိန်းချုပ်ပြီး အမျိုးသားကို ပြန်လည် တိုက်ခိုက်ခဲ့ရာမှာ လုယက်ဖို့ ကြိုးစားတဲ့ အမျိုးသားက ထွက်ပြေးသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို လုံခြုံရေးအတွက် စောင့်ကြည့်မှတ်တမ်းတင်တဲ့ ကင်မရာက မှတ်တမ်းတင် ရိုက်ကူးထားပါတယ်။ ရဲတပ်ဖွဲ့ကတော့ လုယက်ဖို့ကြိုးစားတဲ့ သံသယရှိသူကို ရှာဖွေနေပြီး သတင်းပေးဖို့လည်း ထုတ်ပြန် ကြေညာထားပါတယ်။
5 years Ago
Up