သေနတ်သမားများ ဝင်ရောက်တိုက်ခိုက် (ရုပ်သံ)

May 18, 2017

အာဖဂန်နစ္စတန် နိုင်ငံပိုင် သတင်းဌာနကို သေနတ်သမားများ ဝင်ရောက်တိုက်ခိုက် (ရုပ်သံ)

မေလ ၁၇ ရက်နေ့မှာ အာဖဂန်နစ္စတန်နိုင်ငံ ဂျလာလာဘတ် (Jalalabad)မြို့ အရှေ့ဘက်က နိုင်ငံပိုင် သတင်းဌာနတခုကို သေနတ်သမားတွေ တိုက်ခိုက်ခဲ့ပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူးက အနည်းဆုံး သေနတ်သမား ၃ ဦး ဝင်ရောက် တိုက်ခိုက်ပုံရကြောင်း၊ အသေခံဗုံးခွဲမှုလည်း ရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ပစ်ခတ်မှုတွေကို နိုင်ငံအသံလွှင့်ဌာန RTA အဆောက်အဦကပင် ကြားနိုင်ကြောင်း သိရပါတယ်။ ဂျလာလာဘတ်ဟာ ပါကစ္စတန်နိုင်ငံနဲ့ နယ်မြေ ထိစပ်နေတဲ့ နန်ဂါဟာ (Nangarhar) ပြည်နယ်ရဲ့ မြို့တော် ဖြစ်ပါတယ်။ အဲဒီမြို့တော်မှာ အိုင်အက်စ် စစ်သွေးကြွတွေဟာ အခိုင်အမာ တပ်စွဲထားပါတယ်။ ဒါပေမယ့် အဲဒီဒေသမှာ တာလီဘန်တွေလည်း ရှိကြောင်း ရိုက်တာ သတင်းအရ သိရပါတယ်။
4 years Ago
Up