သောကြာနေ့က ဝါရှင်တန်ပြည်နယ် ဈေးဝယ်စင်တာတစ်ခုအတွင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ပစ်ခတ်ခဲ့တဲ့သေနတ်သမားကို ဖမ်းမိသွားပြီလို့ ဝါရှင်တန်ရဲက ပြောလိုက်ပါတယ်။
မီဒီယာတွေသတင်းတွေက ဒီပစ်ခတ်မှုဟာ ဘာလင်တန်အနောက်တောင်ပိုင်းမှာ ဖြစ်ခဲ့တယ်လို့ ပြောနေပေမယ့် ဖမ်းဆီးမှုအသေးစိတ်ကိုတော့ ရဲကထုတ်ဖော်ပြောခြင်း မရှိပါဘူး။
ကက်စ်ကိတ်ဒ် ဈေးဝယ်စင်တာထဲက မာစီကုန်တိုက်ထဲမှာ သေနတ်သမားက ပစ်ခတ်လို့ အမျိုးသမီးလေးဦး သေဆုံးခဲ့ပြီး သေနတ်ဒဏ်ရာရခဲ့တဲ့ အမျိုးသားကတော့ ဆေးရုံမှာ သေဆုံးခဲ့တာပါ။
သေဆုံးသူတွေ ဘယ်သူဘယ်ဝါဆိုတာ ထုတ်ပြန်ခြင်းလည်း မရှိသေးပါဘူး။
အက်ဖ်ဘီအိုင်ကတော့ ဒီပစ်ခတ်မှုဟာ ဘယ်အကြမ်းဖက်တိုက်ခိုက်မှုနဲ့မှ အဆက်အစပ်မရှိဘူးလို့ ပြောပါတယ်။
ဒါပေမယ့်လည်း သံသရှိသူ သေနတ်ပစ်သမားရဲ့အမည်ကိုတော့ မပြောကြားခဲ့ပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတခုကိုလည်း မကြာခင်ပြုလုပ်နိုင်တယ်လို့ ပြောပါတယ်။
ဒီပတ်ခတ်မှုအပြီးမှာ ရဲတွေက ဆယ်ကျော်သက် ဒါမှမဟုတ် အသက် ၂၀ ကျော် အနက်ရောင် ရှပ်အင်္ကျီနဲ့ ဘောင်းဘီတို ဝတ်ထားတဲ့ သံသယရှိသူရဲ့ ဓာတ်ပုံတွေကို ထုတ်ပြန်ခဲ့ပါတယ်။
ဘာကြောင့်ဒီလိုပစ်ခတ်တယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
သံသယရှိသူဟာ ဈေးဝယ်စင်တာထဲကို ဝင်လာတုန်းက ဘာလက်နက်မှ ကိုင်ဆောင်ထားခြင်းမရှိဘဲ နောက်ဆယ်မိနစ်အကြာမှာတော့ သံသယရှိသူ သေနတ်သမားဟာ မာစီကုန်တိုက်ထဲကို ရိုင်ဖယ်တလက်နဲ့ ဝင်ရောက်လာတာကိုလည်း လုံခြုံရေးကင်မရာက ပြသနေပါတယ်။
ဝါရှင်တန်က စင်ထရယ်ယူနိုက်တက် မက်သဒစ်ဘုရားကျောင်းမှာ စနေနေ့ညနေဖက်က ပစ်ခတ်မှုအတွင်း သေဆုံးသူတွေအတွက် ဆုတောင်းပွဲကိုလည်း ကျင်းပခဲ့ကြပါတယ်။
ဖယောင်းတိုင် တတိုင်စီကို သေဆုံးသူတဦးစီအတွက် ရည်စူးပြီး ဘုရားကျောင်းရှေ့က စားပွဲပေါ်မှာ ထွန်းခဲ့တယ်လို့လည်း သိရပါတယ်။
4 years Ago