သေနတ်ကိုင် သေကြောင်းကြံသူကို အမေရိကန်ရဲက ဖမ်းဆီးသည့်ရုပ်သံ ထွက်ပေါ်

February 18, 2017

သေနတ်ကိုင် သေကြောင်းကြံသူကို အမေရိကန်ရဲက ဖမ်းဆီးသည့်ရုပ်သံ ထွက်ပေါ်

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ် ဝေါလ်တန်မြို့မှာ ရိုင်ဖယ်သေနတ် ကိုင်ထားပြီး ရဲအသုံးချ သေကြောင်းကြံစည်ဖို့ ကြိုးစားသူကို ရဲရင့်တဲ့ ရဲအရာရှိတစ်ဦးက ကျွမ်းကျွမ်းကျင်ကျင်လှုပ်ရှားပြီး ရပ်တန့်နိုင်ခဲ့တယ်လို့ မေရာရဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။ စိတ်ဓာတ်ကျနေတဲ့ အမျိုးသားတစ်ဦးက ရဲတွေ သူ့ကို သေနတ်နဲ့ ပစ်ခတ်လာအောင် ရဲတွေကို လှောင်ပြောင်ပြီး “ရဲအသုံးချ” သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် ရဲအရာရှိတစ်ဦးဖြစ်တဲ့ မာ့က်ဟက်စ်က ကြံစည်သူကို သေနတ်နဲ့ချိန်ထားပေမယ့် သေနတ်မပစ်ခတ်မိအောင် ကျွမ်းကျင်စွာနဲ့ သေကြောင်းကြံစည်သူကို ဖမ်းဆီးနိုင်ခဲ့တာပါ။ ဒီလိုကျွမ်းကျင်ပိုင်နိုင်စွာ ဖမ်းဆီးနိုင်တဲ့ပုံကို ကားဒက်ရှ်ဘုတ် ကင်မရာမှ ရိုက်ကူးမိပြီး သေကြောင်းကြံစည်သူက ရိုင်ဖယ်ကိုင်ပြီး ကားပေါ်ကဆင်းလာတဲ့ပုံတွေကိုလည်း ရိုပ်သံထဲမှာ မြင်ရမှာပါ။ ရဲအရာရှိဖြစ်သူ ဟက်စ်က “ဒါက အရမ်းကို သိသာထင်ရှားပါတယ်။ စက္ကန့်အနည်းငယ်ကြာပြီးတော့ သူဘာဖြစ်ချင်တာလဲ ကျနော် ရိပ်မိလာတယ်၊ အဲ့အချိန်မှာ သူက ရဲကို အသုံးချပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်နေတာလေ” လို့ ပြောပါတယ်။ အရာရှိက သေကြောင်းကြံစည်သူရဲ့ ရင်ဘက်ကို သေနတ်နဲ့ ချိန်ထားကာ ကြံစည်သူလက်ထဲကနေ လက်နက် မထင်မှတ်ပဲ ပြုတ်ကျစဉ် ရဲအရာရှိက ဒီလူကို ခုန်အုပ်ဖမ်းလိုက်ပြီး မြေပြင်ပေါ် လှဲချလိုက်တာတွေကို ရုပ်သံထဲမှာ မြင်ရမှာပါ။ အရာရှိဟက်စ်က တကယ့်ကို အန္တရာယ်များတဲ့ အခြေအနေမှာ လုပ်ဆောင်ခဲ့တာလို့ ဌာနရဲ့ရဲချုပ် ကိသ်ဘရွတ်က်စ်က ပြောပါတယ်။ နှုတ်ခမ်းမှာ ကွဲရှ ဒဏ်ရ ရသွားတဲ့ သေကြောင်းကြံစည်သူကို ဆေးရုံခေါ်သွားတယ်လို့ သိရပါတယ်။
4 years Ago
Up