သေနတ်ကိုင်ဓားပြ ၂ ဦးက မိုင်ဘိုင်းဖုန်းဆိုင်ဝန်ထမ်းအမျိုးသမီးကို တိုက်ခိုက် (ရုပ်သံ)

A d v e r t i s e m e n t With Us

November 4, 2016

သေနတ်ကိုင်ဓားပြ ၂ ဦးက မိုဘိုင်းဖုန်းဆိုင်ဝန်ထမ်းအမျိုးသမီးကို တိုက်ခိုက် (ရုပ်သံ)

မိုဘိုင်းဖုန်းဆိုင်ဝန်ထမ်းတဦးဖြစ်တဲ့ ဆစ်တ်လာလီ ဗဲရီးလားဟာ သေနတ်ကိုင်ဓားပြ ၂ ဦးတိုက်ခိုက်ခံခဲ့ရပြီးနောက် လေးလကြာတဲ့တိုင်အောင် ကောင်းကောင်းအလုပ် မလုပ်နိုင်တော့ပဲ သေလုမျောပါးထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့မနက် ၁၀.၃၀ နာရီလောက်မှာ မက္ကဆီကိုမြို့က သူအလုပ်လုပ်ရာ မိုဘိုင်းဖုန်းဆိုင်တွင်း တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာ သူတိုက်ခိုက်ခံခဲ့ရတဲ့ ရုပ်သံဗွီဒီယို လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ပြီးနောက် သူ့ကို အားပေးစကားတွေနဲ့ တုံ့ပြန်ပြောကြားနေကြတာပါ။ အဆိုပါ သေနတ်ကိုင်ဓားပြ ၂ ဦးရဲ့ တိုက်ခိုက်မှုကြောင့် ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ် ရာရရှိခဲ့တဲ့ ဓာတ်ပုံတွေနဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက်ပေါ်မှာ ၀င်ရောက်ကြည့်ရှုသူ ၁ သန်းနီး ပါးရှိခဲ့တာပါ။ သူက ရုပ်သံဗွီဒိယိုဖိုင်အညွှန်းမှာတော့ “ဒီပို့စ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကမ္ဘာပေါ်မှာ အတူတကွနေထိုင်ကြတဲ့ တခြားသူတွေကို တစုံတယောက်ရဲ့ အကြမ်းဖက်မှုနဲ့ မလုံခြုံမှုကို အသိပညာမျှဝေချင်တာပါပဲ”လို့ ရေးခဲ့တာပါ။ အဲဒီလိုတိုက်ခိုက်ခံရပြီး ၄ လ အကြာမှာတော့ သူက “မလုံခြုံမှုနဲ့ အကြမ်းဖက် တိုက်ခိုက်ခံရတာ ၄ လ ကြာခဲ့ပါပြီ။ ဒီလူတွေဟာ အမျိုးသမီး ၁ ယောက်တည်းမို့ တိုက် ခိုက်ရတာလွယ်ကူမယ်လို့ ဆုံးဖြတ်ပြီး တိုက်ခိုက်ခဲ့ပုံပါပဲ”လို့ ဖြည့်စွက်ရေးခဲ့ပါတယ်။ ဒါပေမယ့် ခုချိန်မှာတော့ အမျိုးသမီးတဦးအကြမ်းဖက်တိုက်ခိုက်ခံခဲ့ရမှုအတွက် လူပေါင်းများစွာဟာ ဒီအဖြစ်အပျက်ရုပ်သံဖိုင်ကို ပြန်လည်မျှဝေပြီး အားပေးစကားတွေနဲ့ တုံ့ပြန်ခဲ့ကြတာပါ။ ကေတီဗားဂက်စ်အမည်နဲ့ အွန်လိုင်းအသုံးပြုသူတဦးကတော့ “သူငယ်ချင်းရယ်။ ငါဝမ်းနည်းဒေါသထွက်မိပါတယ်။ ငါဘယ်လိုခံစားရတယ်ဆိုတာ ဖော်မပြတတ်အောင်ပဲ။ ငါနင့်ကို ဖက်ထားပြီး ခွန်အားအပြည့်နဲ့ နေထိုင်နိုင်ဖို့ ဒီဒဏ်ရာတွေကနေ ဖြတ်သန်း ကျော်လွှားသွားနိုင်ဖို့ မျှော်လင့်ပါတယ်။ နင့်အတွက် စိတ်မကောင်းပါဘူး”လို့ မှတ်ချက် ရေးခဲ့ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အဆိုပါအမျိုးသား ၂ ဦးဟာ ရုတ်တရက်ပဲ ရောက်လာခဲ့ပြီး တယောက်က လုံခြုံရေးနံရံရဲ့ အပြင်ဘက်ကနေ ဗဲရီးလားရဲ့ လက်ကိုဆွဲပြီး ဖမ်းချုပ်ထား ခဲ့တာကို တွေ့ရပါတယ်။ အဲဒီအချိန်မှာ နောက်တဦးက နံရံအပေါ်ကနေ ကျော်တက်ခဲ့ပြီး ဗဲရီးလားရဲ့ အနီးကို ခုန်ချလိုက်ကာ သူ့ရဲ့ နောက်ကနေ လည်ပင်းကို သိုင်းဖက်ချုပ်ထားခဲ့တာပါ။ သူ့ကို မြေပြင်ပေါ်လှဲချနိုင်ဖို့ တခြားတယောက်က သေနတ်နဲ့ချိန်ပြီး ခြိမ်းခြောက်ခဲ့တာကို တွေ့ရပါတယ်။ ဒေသတွင်းသတင်းမီဒီယာတွေမှာ ဒီအဖြစ်အပျက်ကို ဖော်ပြခဲ့ကြပေမယ့် ရဲတွေ အနေနဲ့ စုံစမ်းဖော်ထုတ်သလား၊ ဒါမှမဟုတ် ဘာတွေဆက်ဖြစ်ခဲ့သလဲဆိုတာကိုတော့ ဖော်ပြတာတွေ မတွေ့ရပါဘူး။
4 years Ago
Up