သေဒဏ်ချမှတ်

September 9, 2018

မွတ်စလင်ညီနောင်များအဖွဲ့အား ထောက်ခံဆန္ဒပြသူ ၇၅ ဦးကို သေဒဏ်ချမှတ်

အီဂျစ်နိုင်ငံမှာ မွတ်စလင်ညီနောင်များအဖွဲ့ကို ထောက်ခံတဲ့ ၂၀၁၃ ထိုင်သပိတ်မှောက် ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေအပါအ၀င် လူ ၇၅ ဦးကို စက်တင်ဘာလ ၈ ရက်မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။ သေဒဏ်ချမှတ်ခံရသူတွေထဲမှာ ညီနောင်များအဖွဲ့ ဘာသာရေးခေါင်းဆောင် မိုဟာမက် ဘာဒီလည်း ပါဝင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ အခု သေဒဏ်ချမှတ်ခံရသူတွေဟာ တရားမ၀င်ဆန္ဒပြပွဲဦးဆောင်မှု၊ လူသတ်မှု၊ အကြမ်းဖက်မှု စတဲ့ လုံခြုံရေးနဲ့ဆက်နွှယ်တဲ့ပြစ်မှုတွေနဲ့ စွပ်စွဲခံရသူတွေပါ။ အီဂျစ်တရားရုံးဟာ ဒီဆန္ဒပြမှုနဲ့ပတ်သက်ပြီး နောက်ထပ်လူ ၄၇ ဦးကိုလည်း ထောင်ဒဏ်တသက်စီ ချမှတ်ခဲ့ပါတယ်။ ဒါ့ပြင် နောက်ထပ် လူ ၆၀၀ ကျော်ကိုလည်း တနေ့တည်းမှာပဲ ပြစ်ဒဏ်တွေ အသီးသီးချမှတ်ခဲ့ပါတယ်။ ကိုင်ရိုမြို့က ရက်ဘာ အယ်လ် အဒါဝီယာရင်ပြင်မှာ ပြုလုပ်ခဲ့တဲ့ မွတ်စလင်ညီနောင်များအဖွဲ့ကို ထောက်ခံတဲ့ဆန္ဒပြပွဲအတွင်း အဓိကရုဏ်းဖြစ်ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့နှိမ်နင်းမှုကြောင့် လူရာချီသေဆုံးခဲ့ပါတယ်။
3 years Ago

June 23, 2018

အင်ဒိုနီးရှား ကော်ဖီဆိုင် အသေခံဗုံးခွဲရန် စေခိုင်းသူကို သေဒဏ်ချမှတ်

အင်ဒိုနီးရှားနိုင်ငံမှာ ၂၀၁၆ ခုနှစ်က Starbucks ကော်ဖီဆိုင် အသေခံဗုံးခွဲမှု အပါအ၀င် တိုက်ခိုက်မှုတွေ ဆောင်ရွက်ဖို့ အမိန့်ပေးစေခိုင်းခဲ့သူ အစွန်းရောက် ဘာသာရေးဆရာ အမန်အဗ္ဗဒူရာမန်ကို ဇွန်လ ၂၂ ရက်နေ့က ဂျကာတာ တောင်ပိုင်းခရိုင် တရားရုံးက သေဒဏ်ချမှတ်လိုက်ပါတယ်။ အဗ္ဗဒူရာမန်ကြိုးကိုင်ခဲ့တဲ့  Starbucks ကော်ဖီဆိုင် တိုက်ခိုက်မှုမှာ အရပ်သား ၄ ဦးနဲ့ စစ်သွေးကြွ ၄ ဦး သေဆုံးခဲ့ပါတယ်။ ထို့အတူ ဂျကာတာ ဘတ်စ်ကားဂိတ် တိုက်ခိုက်မှုမှာ ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး ကာလီမန်တန် ဘုရားကျောင်း တိုက်ခိုက်မှုမှာတော့ ၂ နှစ်အရွယ် မိန်းကလေး ၁ ဦး သေဆုံးခဲ့ပြီး ကလေးအများအပြား မီးလောင်ဒဏ်ရာရခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အဗ္ဗဒူရာမန်ဟာ အိုင်အက်စ်စစ်သွေးကြွ အယူဝါဒတွေကို အဓိက ဖြန့်ချိသူဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ တရားသူကြီးအဖွဲ့က သူ့ကို သေဒဏ်ချမှတ်ခဲ့ပြီးတဲ့အခါမှာတော့ သူဟာ ဒူးထောက်ပြီး မြေကြီးကို ဦးတိုက်ခဲ့ပါတယ်။ အဲဒီင်္စီရင်ချက် ချမှတ်ရာ ဂျကာတာတရားရုံးမှာ အကြမ်းဖက် တန်ပြန်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဝင်ပေါင်းစွာကို လုံခြုံရေးချထားပါတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဆူရာဘယာမှာ ကလေးငယ် ၃ ဦး အပါအ၀င် မိသားစုလိုက် အသေခံ တိုက်ခိုက်မှု ကျူးလွန်ခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှု စိုးရိမ်စိတ်တွေ မြင့်တက်နေပါတယ်။
3 years Ago
Up