အမေရိကန်နိုင်ငံမှာ သေဒဏ်ကျင့်သုံးမှုကို ၁၆ နှစ်ကြာ ဆိုင်းငံ့ပြီးနောက် တရားရေးဌာနက ပြန်လည်ခွင့်ပြုလိုက်ပါတယ်။
ဒါပေမယ့် အစိုးရအနေနဲ့ သေဒဏ်ပြစ်ဒဏ် ချမှတ်တာနဲ့ ပတ်သက်လို့ ဘယ်လိုစီမံမလဲဆိုပြီး မေးခွန်းတွေ ထွက်နေပါတယ်။
အဲဒီပြစ်ဒဏ်ကို တရားမျှတစွာ စီရင်လို့ မရနိုင်ဘူးလားဆိုတဲ့ မေးခွန်းတွေနဲ့ ဆက်စပ်လို့ စိုးရိမ်စိတ်တွေ ရှိနေဆဲလည်း ဖြစ်ပါတယ်။
သေဒဏ်ဆိုင်ရာ သတင်းအချက်အလက် အုပ်ချုပ်ရေးဒါရိုက်တာက “သေဒဏ် အပြစ်ပေးမယ်ဆိုရင် ဥပဒေအတိုင်း ပွင့်လင်းရိုးသားစွာ ဆောင်ရွက်ဖို့လိုတယ်၊ တရားလက်လွတ်ချမှတ်တဲ့ သေဒဏ်မျိုး မဖြစ်သင့်ဘူး” လို့လည်း သူက ပြောပါတယ်။
အမေရိကန်ရှေ့နေချုပ် ဝီလီယံဘားစ်က “အမေရိကန် ကွန်ဂရက်ဟာ လွှတ်တော်နှစ်ရပ် အမတ်တွေ ဥပဒေပြုခြင်းကတဆင့် သေဒဏ်ကို ခွင့်ပြုပေးခဲ့ပြီး သမ္မတက လက်မှတ်ရေးထိုးခဲ့တယ်” လို့ ကြေညာချက် ထုတ်ခဲ့ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်က မူးယစ်မှောင်ခိုသမားတွေနဲ့ လူအစုလိုက် သတ်ဖြတ်သူတွေကို သေဒဏ်တိုးမြှင့်ပေးဖို့ တောင်းဆိုထားတဲ့အတွက် တရားရေးဌာနဟာ အဲဒီကတည်းက လုပ်ဆောင်ရမယ့် အခြေခံလုပ်ငန်းတွေကို ချမှတ်ထားပါတယ်။
2 years Ago