သေဆုံးနေ

December 11, 2017

ဗြိတိန်အဆိုတော် ကာတာဟိုတယ်ခန်းထဲ သေဆုံးနေ

အင်္ဂလန်နိုင်ငံက မသန်စွမ်းထောက်ပံ့ကြေးတွေ ရပ်တန့်ခံခဲ့ရတဲ့ ဝက်ရူးပြန်ရောဂါနဲ့ ဦးနှောက်အကြိတ်ရောဂါတွေ ရနေတဲ့ ဗြိတိန်အဆိုတော်ဟာ ကာတာနိုင်ငံ ဟိုတယ်ခန်းတခုထဲမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ကာတာနိုင်ငံရဲ့ မြို့တော်ကို ရောက်ပြီး ၁ ပတ်လောက်အကြာမှာ ဒိုဟာအပြည်ပြည်ဆိုင်ရာဟိုတယ်က သူမရဲ့အခန်းထဲမှာ အသက် ၃၂ နှစ်အရွယ် ကလေးတယောက်အမေ ဒန်နီယယ်လာ သေဆုံးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ သူမရဲ့ ကြေကွဲနေတဲ့ ချစ်သူဖြစ်သူက ဒန်နီယယ်လာ ထောက်ပံ့ကြေးတွေ ရပ်တန့်ပြီးတဲ့နောက် အရှေ့အလယ်ပိုင်းကို ပြောင်းလာတာနဲ့ ၂၀၁၇ အစောပိုင်းမှာ အလုပ်လုပ်တာတွေ ပြောပြပါတယ်။ “ကာတာပြောင်းကာစမှာ သူမရဲ့ ရောဂါက အကောင်းဆုံးဖြစ်ပုံရပါတယ်။ ၆ လအတွင်း ဝက်ရူးပြန်မဖြစ်ဘူး၊ အင်္ဂလန်မှာက အားထားရတဲ့ အလုပ်လည်း ရှာမတွေ့၊ သူမရဲ့ ရည်ရွယ်ချက်၊ သူမရဲ့ အကောင်းမြင်တဲ့ သတင်းစကားတွေကို သူမရဲ့ ဂီတကတဆင့် ကမ္ဘာကြီးကို ချပြဖို့ပါပဲ” လို့ ပြောပါတယ်။ သူမရဲ့ အရင်းနှီးဆုံး သူငယ်ချင်းကလည်း သူမက မယုံကြည်နိုင်လောက်စရာ ချစ်ခင်စရာကောင်းသူ၊ ပေးဆပ်တတ်သူ လှပတဲ့ အမျိုးသမီး တဦးလို့ ပြောပါတယ်။ သူမနဲ့ပတ်သက်လို့ ရန်ပုံငွေရှာတဲ့ စာမျက်နှာတခု ဖွင့်ခဲ့ပြီး ပေါင် ၈၀၀ ကျော် ရရှိပြီးပြီလို့လည်း သိရပါတယ်။ ရရှိတဲ့ ရန်ပုံငွေတွေကို သူမရဲ့သီချင်းအယ်လဘမ် ထုတ်ဖို့ သူမရဲ့သားအတွက်နဲ့ သူမရဲ့ဈာပနကို ဂုဏ်ပြုဖို့ သုံးသွားမယ်လို့ ဆိုပါတယ်။ သူမက အနာဂတ်မှာ သူမနဲ့ သူမသားအတွက် ငွေရှာဖို့ ယူကေကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရတယ်၊ တကယ်လို့ သူမလိုအပ်တဲ့ ငွေကြေးကိုသာ ရရှိခဲ့မယ်ဆိုရင် ခုချိန်အထိ သူတို့တွေနဲ့ သူမက အတူရှိနေမယ်လို့ ယုံကြည်ကြောင်း သူမရဲ့ချစ်သူက ပြောခဲ့တယ်လို့ သည်ဆန်းသတင်းမှာ ဒီဇင်ဘာလ ၉ ရက်နေ့က ဖော်ပြထားပါတယ်။
3 years Ago
Up