လူ့ဘ၀ကနေ ထွက်ခွာသေဆုံးရတော့မယ့် သူတဦးနဲ့ သူ့ရဲ့နောက်ဆုံးအချိန်မှာ လာရောက်နှုတ်ဆက်ခဲ့တဲ့ သစ္စာရှိခွေးမကလေးရဲ့ အဖြစ်ဟာ တကယ့်ကို ကြေကွဲဝမ်းနည်းစရာပါပဲ။
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်တဲ့ ရိုင်ယန် ဂျက်ဆန်ဟာ ပြီးခဲ့တဲ့လက မကြာခဏ ပျို့အန်ခေါင်းကိုက်တဲ့ရောဂါ ခံစားခဲ့ရတာပါ။
ဒါပေမယ့် ဆေးရုံမှာ စစ်ဆေးခံခဲ့ချိန်မှာတော့ သူ့မှာ ဦးနှောက်ပိုင်းသွေးထွက်လွန်တဲ့ ရောဂါဖြစ်နေပြီး ပြန်လည်ကောင်းနိုင်ခြေ မရှိတော့တာကို သိခဲ့ရတာပါ။
သူ့ရဲ့နောက်ဆုံးအချိန်မှာ ချစ်ခင်ရတဲ့ မော်လီအမည်ရတဲ့ ခွေးမကလေးကို ဆေးရုံအခန်းတွင်းမှာ လာရောက်နှုတ်ဆက်ခွင့်ပေးဖို့ ဆေးရုံဝန်ထမ်းတွေက ခွင့်ပြုပေးခဲ့ရပါတယ်။
ခွဲခွာသွားရတော့မယ့် သခင်ကို နှုတ်ဆက်နေတဲ့ ခွေးမကလေး မော်လီရဲ့ သနားစဖွယ် မြင်ကွင်းဟာ ကြည့်ရှုသူတွေကို စိတ်နှလုံးထိခိုက်စေခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပြီး ခြေလက်တွေ၊ နားရွက်တွေကုပ်ပြီး ငြိမ်သက်ကာ ၀မ်းနည်းညှိုးငယ်တဲ့ပုံနဲ့ သခင်ကို ကြည့်နေခဲ့တဲ့ မော်လီရဲ့ပုံဟာ ဆွံ့အသွားရလောက်အောင် ထိခိုက်စေခဲ့တာပါ။
ဒီရုပ်သံဗွီဒီယိုဖိုင်ကို ရိုင်ယန် ဂျက်ဆန်ရဲ့ ညီမဖြစ်သူ မီရှဲလ်ဂျက်ဆန်က ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် အင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၈ သန်းကျော်ရှိခဲ့ပြီး ပြန်လည်မျှဝေခဲ့ကြတဲ့ အကြိမ်ရေ ၈ သောင်းကျော် ရှိခဲ့တာပါ။
မီရှဲလ်က “ကျမတို့နဲ့ထပ်တူ ၀မ်းနည်းပူဆွေးခဲ့ကြသူတွေကို ကျေးဇူးတင်ပါတယ်။ ကျမ ထပ်ပြီး မတုံ့ပြန်နိုင်တော့ပါဘူး။ ခွေးမလေး မော်လီကိုလည်း ကျမတို့ စောင့်ရှောက်သွားမှာပါ။ သူဟာလည်း ကျမတို့ရဲ့ မိသားစုဝင်တဦးပါပဲ” လို့ ပြောခဲ့ပါတယ်။
6 years Ago