သေဆုံးသူ ၁၅ ဦးရှိပြီ

February 11, 2018

ထိုင်ဝမ်ငလျင်ကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီ

ပြင်းအား ၆ ဒသမ ၅ အဆင့်ရှိ  မြေငလျင်လှုပ်ခတ်ခဲ့တဲ့ ထိုင်ဝမ်ကျွန်း  ဟွားလျန် စီရင်စုမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ သေဆုံးသူ အရေအတွက်ဟာ ၁၅ ဦးအထိ ရှိလာပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်နေပါတယ်။ သေဆုံးသူတွေဟာ  တရုတ်ပြည်မကြီးမှ ၇ ဦး၊ ထိုင်ဝမ်မှ ၅ ဦး၊ ဖိလစ်ပိုင်မှ တဦးနဲ့ ကနေဒါမှ ၂ ဦး တို့ဖြစ်ကြပြီး ၂၇၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ “ပြိုကျနေရာ အနေအထားကဆိုးပြီး လုပ်ရကိုင်ရတာ ကျဉ်းကျဉ်းကျပ်ကျပ် ရှိပါတယ်။ အရင်ဆုံး ရှင်းလင်းရေးလုပ်ပြီးမှ အလောင်းတွေကို သယ်ထုတ်ရ ပါတယ်။” လို့ မီးသတ်တပ်ဖွဲ့ အကြီးအကဲက ပြောခဲ့ပါတယ်။ နောက်ဆက်တွဲ ငလျင်တွေနဲ့ လုပ်ရကိုင်ရခက်ခဲတဲ့ အခြေအနေကြားက ကယ်ဆယ်ရေး ၀န်ထမ်းတွေဟာ “ယွန်မန်တူဆစ်တီ” အဆောက်အဦမှာ ရှာဖွေရေး လုပ်ဆောင်နေပါတယ်။ အခု ထိုင်ဝမ်ကျွန်း ဟွားလျန် မြေငလျင်ဟာ နှစ်ပေါင်း ၅၀  အတွင်း အားအပြင်းဆုံးဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago
Up