သေဆုံးသူ ၆ ဦး ရှိပြီ

September 16, 2017

ဗီယက်နမ်တွင် မုန်တိုင်းကြောင့် သေဆုံးသူ ၆ ဦး ရှိပြီ

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကို တိုင်ဖွန်းမုန်တိုင်း ဒေါ့စုရီ တိုက်ခတ်မှုကြောင့် စက်တင်ဘာ ၁၆ ရက်နေ့ ရထားတဲ့ သတင်းတွေအရ လူအနည်းဆုံး ၆ ဦး သေဆုံးတယ်လို့ သဘာဝကပ်ဘေး ကာကွယ်ရေး ကော်မတီက ပြောပါတယ်။ လူ ၁.၃ သန်း လျှပ်စစ်မီးမရှိဘဲ နေခဲ့ရတယ်လို့ ဆိုပါတယ်။ “ဟာ့တင်၊ ကွမ်ထရီနဲ့ သွာထင်းဟွေ ခရိုင်တွေက အိမ်ခြေငါးထောင်ကျော် ရေမြုပ်ခဲ့ပြီး ၁၉ လုံး ပြိုကျတယ်၊ အိမ်ခြေ ၂ သောင်းလေးထောင်လောက် ပျက်စီးခဲ့တယ်” လို့ ကပ်ဘေး ကာကွယ်ရေးဌာနက စက်တင်ဘာ ၁၅ ရက်နေ့က ပြောပါတယ်။ လေတိုက်နှုန်း ၁ နာရီ ၁၃၅ ကီလိုမီတာနဲ့ တိုက်ခတ်ခဲ့တာကြောင့် အခုလို ပျက်စီးတာလို့ ဆိုပါတယ်။ မုန်တိုင်းသင့်ဒေသကို ဗီယက်နမ်ဝန်ကြီးချုပ် ဝင့်စွမ်းပူး သွားရောက်ပြီး ပြည်သူတွေကို အပျက်အစီးကြားမှာ ကူညီအားဖြည့်ဖို့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို တောင်းဆိုခဲ့ပါတယ်။။ ဗီယက်နမ်နိုင်ငံဟာ မုန်တိုင်းတွေရဲ့ဒဏ်ကို မကြာခဏ ခံရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လကလည်း ရေကြီးလို့ လူအနည်းဆုံး ၂၆ ဦး သေဆုံးပြီး ရာနဲ့ချီတဲ့ အိမ်တွေ ရေစီးနဲ့ မျောပါခဲ့ပါတယ်။ မနှစ်က မုန်တိုင်းတွေအတွင်း လူအယောက် ၂၀၀ ကျော် သေဆုံးခဲ့ပါတယ်။
4 years Ago
Up