သေဆုံးသူ

March 23, 2019

ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဇင်ဘာဘွေတွင် သေဆုံးသူ ၂၆၀ ခန့်ရှိပြီ၊ ၂၀၀ ကျော်ပျောက်ဆုံး

ဆိုင်ကလုန်းမုန်တိုင်း အိုင်ဒေးကြောင့် ဇင်ဘာဘွေနိုင်ငံမှာ သေဆုံးသူ ၂၅၉ ဦးထက် မနည်း ရှိပြီး ၂၁၇ ဦး ပျောက်ဆုံးနေတယ်လို့ ကုလသမဂ္ဂ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အေဂျင်စီက မတ်လ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။ ဆိုင်ကလုန်းကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေ ထိခိုက်ဒဏ်ရာရခဲ့ပြီး အိမ်ထောင်စု ၁၆,၀၀၀ ဟာ နေရပ်စွန့်ခွာခဲ့ရတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းသွားလာမှု အဖွဲ့အစည်း (IOM) တာဝန်ရှိသူ တဦးက ပြောပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် ယန်းလယ်ကာက ဆိုင်ကလုန်းကြောင့် မိုဇမ်ဘစ်နိုင်ငံမှာ ၂၄၂  ယောက် အသက်ဆုံးရှုံးရပြီး နေရာအတော်များများ ရေလွှမ်းနေဆဲ ဖြစ်တာမို့ သေဆုံးသူစာရင်း ကောက်ဖို့ဟာ ကြာနိုင်တယ်လို့ ဆိုပါတယ်။ ဆိုင်ကလုန်းအပြီး ဘေးရာဆိပ်ကမ်းမြို့မှာ ဖြစ်ပေါ်နေတဲ့ လုယက်မှုတွေဟာ လုံခြုံရေးအရ တုံ့ပြန်တာထက် ဒေသခံတွေရဲ့ အစီအမံတွေ ပိုမိုလိုအပ်တယ်လို့ ယန်းလယ်ကာက  ဆိုပါတယ်။ ဆိုင်ကလုန်း အိုင်ဒေးဒဏ်ကို မိုဇမ်ဘစ်ပြည်သူ   ၆ သိန်း၊ မာလာဝီပြည်သူ ၈ သိန်း ၄ သောင်းနဲ့ ဇင်ဘာဘွေပြည်သူ  ၂ သိန်းခွဲတို့ ကြုံတွေ့ ခံစားခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု ရေးရာ ညှိနှိုင်းရေးရုံးက ခန့်မှန်းပြောကြားပါတယ်။
2 years Ago
Up