သေဆုံးမိခင် နို့ကိုစို့ရန် လှုပ်နှိုးနေသည့် သနားစဖွယ် မျောက်ကလေး (ရုပ်သံ)

March 9, 2016

သေဆုံးမိခင် နို့ကိုစို့ရန် လှုပ်နှိုးနေသည့် သနားစဖွယ် မျောက်ကလေး (ရုပ်သံ)

ထိုင်းနိုင်ငံ နတ်ခွတ်ရတ်ချဆီမာက ခေါင်ယိုင်အမျိုးသားဥယျာဉ်မှာ ကားတိုက်လို့ သေဆုံးနေတဲ့ မိခင်မျောက်မကြီးရဲ့ နို့ကိုစို့ဖို့ ကြိုးစားပြီး မိခင်ကို လှုပ်နိုးနေတဲ့ မျောက်ကလေး ရုပ်သံဟာ လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ ပျံ့နှံ့နေပါတယ်။ ဒီရုပ်သံကို ဖေ့ဘွတ်ခ်အသုံးပြုသူ ပန်နုဝတ် ဆာဆီရတ်က တင်ခဲ့တာဖြစ်ပြီး မျောက်ကလေးက မိခင်ကို လှုပ်နိုးနေပေမယ့်လည်း မိခင်ကဘာမှ မတုံ့ပြန်နိုင်တော့သလို မိခင်ရဲ့ နိုကိုစို့ပြီး မိခင်ကို ဖက်ထားတယ်လို့ ရေးသားထားပါတယ်။ မိခင် ကားတိုက်သေသွားတယ်ဆိုတာကို မျောက်ကလေးကတော့ မသိနိုင်ပါဘူး။ ဒီရုပ်သံကို ကြည့်ပြီး တချို့ဆိုရင် မျက်ရည်မဆည်နိုင် ဖြစ်တဲ့သူတွေလည်း ရှိပါတယ်။ အလားတူအဖြစ်မျိုးတွေ မဖြစ်ဖို့ ဒီဥယျာဉ်ထဲမှာ လာရောက်လည်ပတ်သူတွေက ကားကို ဖြည်းဖြည်းမောင်းဖို့ ဒီနေရာဟာ သူတို့ရဲ့ အိမ်ဖြစ်နေတယ်ဆိုတာကိုလည်း ပန်နုဝတ်က သတိပေးထားပါတယ်။ ဒါ့အပြင် မိဘမဲ့မျောက်တွေကို ပြုစုဖို့လည်း သစ်တော အရာရှိတွေကို တောင်းဆိုထားသလို မျောက်ကလေးတွေကို လှောင်အိမ်ထဲမှာ မထားဖို့လည်း မျှော်လင်တယ်လို့ ရေးသားထားပါတယ်။ ရုပ်သံ- Panuwat Sasirat
6 years Ago
Up