ဝေးလ်

October 10, 2017

အနာဂတ်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်မချရသေးဟု ဝေးလ်အသင်းနည်းပြ ပြော

ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပေမယ့် အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်မချရသေးဘူးလို့ ဝေးလ်နည်းပြ ခရစ္စကိုးလ်မန်းက ပြောကြားလိုက်ပါတယ်။ ဝေးလ်အသင်းဟာ အောက်တိုဘာ ၁၀ ရက်က ကစားခဲ့တဲ့ အိုင်ယာလန်နဲ့ပွဲမှာ သရေရခဲ့ရင် ပလေးအော့ဖ် ဝင်ခွင့်ရပြီး ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်နိုင်မှာဖြစ်ပေမယ့် အိုင်ယာလန်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့လို့ ခြေစစ်ပွဲ မအောင်မြင်ခဲ့ပါဘူး။ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မအောင်မြင်ခဲ့ပေမယ့် အလားအလာရှိတဲ့ ကစားသမားတွေရှိပြီး ရှုံးနိမ့်မှုတွေကနေ သင်ခန်းစာယူတတ်ဖို့ လိုတယ်လို့ ခရစ္စကိုးလ်မန်းက ဆိုပါတယ်။ အသက် ၄၇ နှစ်ရှိ နည်းပြ ခရစ္စကိုးလ်မန်းဟာ ၂၀၁၂ ခုနှစ်မှာ ဝေးလ်အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်အောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up