နာမည်ကျော် တင်းနစ်မယ်တဦးဖြစ်တဲ့ ကာရိုလိုင်း ဝေါ့ဇ်နီယာကီဟာ အားကစားမဂ္ဂဇင်းတစောင်ဖြစ်တဲ့ အီးအက်စ်ပီအဲန် မဂ္ဂဇင်းအတွက် ကောက်ကြောင်းအလှပေါ်လွင်တဲ့ ဝစ်လစ်စလစ်ဓာတ်ပုံတွေ ရိုက်ကူးပေးခဲ့ပါတယ်။
သူဟာ စတူဒီယိုထဲက တင်းနစ်ရိုက်တံနဲ့ ကိုယ်လုံးတီး ကိုယ်ဟန်ပြရိုက်ကူးခဲ့တဲ့ ပုံတွေကို သူ့ရဲ့ပရိသတ်တွေအတွက် အင်စတာဂရမ် စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာပါ။
ကမ္ဘာ့အဆင့် ၁ တင်းနစ်ချန်ပီယံဟောင်းတဦးဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် ကာရိုလိုင်း ဝေါ့ဇ်နီယာကီဟာ လက်ရှိမှာတော့ ဝင်ဘယ်လ်ဒန်အဆင့် ၅ နေရာမှာ ရှိနေခဲ့တာပါ။
သူမဟာ ဗြိတိန် ဂေါ့ဖ်အကျော်အမော်တဦးဖြစ်တဲ့ ရိုဝီ မက်က်အီလ်ရွိုင်းနဲ့ တွဲခဲ့ဖူးပြီး ခုချိန်မှာတော့ အချစ်သစ်ဖြစ်တဲ့ အန်ဘီအေ ဘတ်စ်ကက်ဘောစတား ဒေးဗစ်လီနဲ့ တွဲနေခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ သူ့ရဲ့ ဝစ်လစ်စလစ် ကိုယ်ဟန်ပြ အလှဓာတ်ပုံတွေဟာ ပရိသတ်တွေကြားမှာ ကျော်ကြားနေခဲ့ပါတယ်။
ဓာတ်ပုံ - ESPN, Getty Images, Rex Features
6 years Ago