ဝေဠုကျော်

February 5, 2019

သရုပ်ဆောင်ဝေဠုကျော်အမှု တရားသူကြီးအပြောင်းအလဲကြောင့် မစစ်ဆေးဖြစ်သေး

ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ရုပ်ရှင်သရုပ်ဆောင်ဝေဠုကျော်အမှုကို ဒီကနေ့ မစစ်ဆေးဖြစ်သေးပဲ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ပြန်လည်ချိန်းဆိုလိုက်ပါတယ်။ ပုဒ်မ(၄၁၇) ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်ဝေဠုကျော်ကို ဖေဖော်ရီ ၅ ရက်က သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ ကြားနာခဲ့ပေမယ့် တရားသူကြီး အပြောင်းအလဲ ရှိတာကြောင့်အမှု မစစ်ဆေးဖြစ်ပဲ  ပြန်လည်ချိန်းဆိုခဲ့တာပါ။ ဒီအမှုကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၈ ရက်က တရားလိုဖြစ်သူ  အလှမယ် မသင်းသင်းက စတင်တရားစွဲဆိုခဲ့ပြီး ဇန်နဝါရီ ၂၂ ရက်မှာတော့  တရားစွဲဆိုခံထားရတဲ့ ဝေဠုကျော်က တရားရုံးသို့ အာမခံ လျှောက်ထားခဲ့ပါတယ်။
2 years Ago
Up