ဝေလငါး

July 21, 2019

ဂျော်ဂျီယာ ကမ်းခြေတွင် သောင်တင်နေသည့် ဝေလငါး ၅၀ ခန့် ရေထဲပြန်ပို့ (ရုပ်သံ)

ဂျော်ဂျီယာနိုင်ငံ စိန့်ဆိုင်မွန်ကမ်းခြေတနေရာမှာ လာရောက်သောင်တင်နေတဲ့ ဝေလငါးများစွာကို ကမ်းခြေလာရောက်သူတွေက ရေနက်ပိုင်းထဲ ပြန်လွှတ်ပေးခဲ့ကြပါတယ်။ စိန့်ဆိုင်မွန်ကျွန်းအနားမှာရှိတဲ့ ရေနက်ပိုင်းထဲကို ဝေလငါးအကောင် ၅၀ လောက်က ပြန်လည်ရောက်ရှိသွားခဲ့ပေမယ့် ငါးသုံးကောင်ကတော့ သေဆုံးသွားခဲ့ရတယ်လို့ နိုင်ငံရဲ့ သဘာဝသယံဇာတဆိုင်ရာ ဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါတယ်။ ဗွီဒီယိုဖိုင်တခုမှာလည်း ကမ်းခြေကို လာရောက်အပန်းဖြေသူတွေက ဝေလငါးတွေကို ကမ်းခြေကနေ ရေထဲတွန်းပို့နေတာ မြင်တွေ့ရပါတယ်။ “လာရောက်အပန်းဖြေသူတွေက ဝေလငါးတွေကို ရေထဲပြန်ပို့ဖို့ တွန်းပြီးတော့တမျိုး၊ ဆွဲပြီးတော့တမျိုး ကြိုးစားခဲ့ရပါတယ်။ ငါးတွေဟာလည်း ရေနက်ပိုင်းထဲ ပြန်ရောက်ဖို့ တော်တော်လေးရုန်းကန်ခဲ့ရပါတယ်” လို့ ဒီဖြစ်ရပ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတဦးက ပြောပါတယ်။ ပိုင်းလော့ဝေလငါးတွေဟာ မကြာခဏဆိုသလို သောင်တင်လေ့ရှိပြီး ပြီးခဲ့တဲ့ နှစ်တုန်းကလည်း နယူးဇီလန် ကမ်းခြေတခုမှာ ၁၄၅ ကောင် လာရောက်သောင်တင် နေခဲ့ဖူးပါတယ်။ ရုပ်သံ - စီဂျီတီအန်
2 years Ago

May 5, 2019

နော်ဝေတွင်တွေ့ရသည့် ကင်မရာပါ ဝေလငါး ထောက်လှမ်းရေးအတွက် လွှတ်လိုက်တာလား

နော်ဝေနိုင်ငံရဲ့မြောက်ဘက်ကမ်းလွန်မှာ beluga ဝေလငါးဖြူတစ်ကောင် ရောက်ရှိနေပြီး ဒီဝေလငါးက ထောက်လှမ်းရေးအတွက် သုံးတာလား ဒါမှမဟုတ် သူ့ဘာသာသူ ဒီနေရာက ပြန်မထွက်သွားတတ်တာလား ဆိုတာနဲ့ ပတ်သက်ပြီး နော်ဝေတာဝန်ရှိသူတွေကြားမှာ ဝေခွဲရခက်နေကြပါတယ်။ ဒီဝေလငါးကို ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်က ဂျော်ဟက်စ်တန်ရဲ့ ငါးဖမ်းလှေအနီးမှာ တွေ့ခဲ့ရပါတယ်။ ဟက်စ်တန်က ဒီကိစ္စကို အာဏာပိုင်တွေဆီအကြောင်းကြားခဲ့ပြီး ဒီလိုအချိန် မြောက်ဘက်ကမ်းလွန်မှာ ဝေလငါး မရှိတတ်တာကြောင့် အာဏာပိုင်တွေကလည်း ဒီကိစ္စကို စိုးရိမ်နေကြပါတယ်။ “ကျနော်တို့ ရောက်လာခင်အထိ ဒီဝေလငါးကို ဒီအတိုင်းလှေနားမှာ ဆက်ထိန်းထားဖို့ ဟက်စတန်ကို အကူအညီတောင်းခဲ့ပါတယ်” လို့ နော်ဝေနိုင်ငံရဲ့ ရေလုပ်ငန်းဆိုင်ရာ စစ်ဆေးရေးမှူး ဂျော်ဂန်ရီဝစ်ကပြောပါတယ်။ “ဒီဝေလငါးက ရန်လိုတဲ့ပုံ မရှိပါဘူး” လို့လည်း သူကဆက်လက်ပြောဆိုပါတယ်။ တွေ့ခဲ့ရတဲ့ ဝေလငါးမှာ လည်ပတ်တခုရှိနေပြီး “Equipment St. Petersburg” လို့လည်း ရေးသားထားပါတယ်။ နော်ဝေနိုင်ငံနဲ့ အနီးစပ်ဆုံးမှာရှိတဲ့ စိန့်ပီတာစဘတ်ဟာ ရုရှားနိုင်ငံမှာ ရှိနေတာကြောင့် ဒါဟာ ထောက်လှမ်းရေးအတွက်အသုံးပြုနေတဲ့ ဝေလငါး ဖြစ်နိုင်တာကြောင့် ဒီလည်ပတ်ကို ရဲတပ်ဖွဲ့ထံ ပေးပို့ထားရပါတယ်။ ဒီလည်ပတ်မှာ ကင်မရာတလုံး ပါဝင်နေတာကလည်း အာဏာပိုင်တွေရဲ့ သံသယကို ပိုမိုခိုင်စေပေမယ့် စာလုံးကိုတော့ ရုရှားစာတွေမဟုတ်ဘဲ ရောမစကားလုံးတွေနဲ့ ရေးထိုးထားတာကတော့ စဉ်းစားစရာ ဖြစ်နေပါတယ်။ ရုရှားအစိုးရဘက်က အတည်ပြုထားတာ မရှိပေမယ် ရုရှားနိုင်ငံဟာ ထောက်လှမ်းရေး အတွက် ဝေလငါးတွေကို အသုံးပြုနေတယ်လို့ သတင်းတွေ ပေါ်ထွက်ခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာတော့ နော်ဝေအာဏာပိုင်တွေဟာ ဒီလည်ပတ်ရဲ့ မူလနေရာကိုခြေခံရာဖို့ ကြိုးစားလျက်ရှိပြီး တဖက်မှာလည်း ဒီအဖြူရောင်ဝေလငါးဟာ ဒီနေရာကနေ ရေနက်ပိုင်းကို ဘယ်လိုပြန်သွားမလဲဆိုတာနဲ့ပတ်သတ်ပြီး စိုးရိမ်မှုတွေရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီဝေလငါးကို နာမည်ပေးဖို့အတွက် နော်ဝေသားတွေက  Agent James Beluga၊ White Russian ၊Moby Dick and Hvladimir စတဲ့ နာမည်တွေပေးဖို့ စဉ်းစားနေကြတယ်လို့ လည်း သိရပါတယ်။
2 years Ago
More News
Up