ဝေဖန်မှုများထွက်ပေါ်

A d v e r t i s e m e n t With Us

November 16, 2016

ဒေါ်နယ်ထရမ့်ကို ပါကစ္စတန် ဒုစရိုက်နယ်မြေတွင် မွေးဖွားခဲ့ကြောင်း ဝေဖန်မှုများထွက်ပေါ်

မကြာသေးခင်ကမှ အမေရိကန်နိုင်ငံရဲ့ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ဒေါ်နယ်ထရမ့်ဟာ ပါကစ္စတန်နိုင်ငံရဲ့ ဒုစရိုက်နယ်မြေတခုမှာ မွေးဖွားခဲ့တယ်ဆိုပြီး လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ ထရမ့်ရဲ့ ငယ်နာမည်ဟာ ဒါဝုဒ် အီဗရာဟမ်ခမ်း ဖြစ်ပြီး သူ့ကို ၁၉၄၆ ခုနှစ်မှာ ဒုစရိုက် နယ်မြေတခုအဖြစ် သိကြတဲ့ မြောက်ပိုင်း ဝါဗီရစ္စတန်ဒေသမှ မွေးဖွားခဲ့တာလို့ ထောင်နဲ့ချီတဲ့ အင်တာနက်အသုံးပြုသူတွေက ဝေဖန်ပြောဆိုနေကြတာပါ။ ဝေဖန်သူတွေဟာ ၁၉၅၀ ပြည့်နှစ်တွေက နိုင်ငံတွင်းမှာ ရိုက်ကူးထားခဲ့တဲ့ ရွှေရောင်ဆံပင်နဲ့ ကလေးငယ်တဦးရဲ့ ဓာတ်ပုံကို သက်သေအဖြစ် အသုံးပြုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေမှုတွေ လုပ်နေကြပါတယ်။ ထရမ့်ရဲ့ မိဘတွေဟာ ၁၉၅၄ ခုနှစ်မှာ ကားမတော်တဆမှုတခုကြောင့် သေဆုံးခဲ့ ကြပြီးနောက် မက်ဒရာဆာမြို့မှာ ပညာသင်ကြားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်တော့ သူ့ကို ဗြိတိသျှ-အိန္ဒိယစစ်တပ်မှ အငြိမ်းစားဗိုလ်ကြီးတဦးက ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး လန်ဒန်ကို ခေါ်ဆောင်သွားခဲ့ကာ ၁၉၅၅ ခုနှစ်မှာတော့ ထရမ့်မိသားစုတွေက မွေးစားခဲ့တာလို့ ဆိုပါတယ်။ နီယိုနယူးစ်သတင်းဌာနကတော့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်က ခုလို ဝေဖန်မှုတွေနဲ့ အတူ ထရမ့်ရဲ့ ဇာတ်ကြောင်းကိုမျှဝေခဲ့ပြီး “ယုံချင်ယုံ၊ မယုံချင်နေ၊ သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်က မဟုတ်ပါဘူး။ ပါကစ္စတန်မှာ မွေးဖွားခဲ့တာပါ”လို့ ကြေညာခဲ့တာပါ။ အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံအရ နိုင်ငံရဲ့ ခေါင်းဆောင်ဟာ အလိုအလျောက် နိုင်ငံတွင်း မွေးဖွားသူ ဖြစ်ရတယ်လို့ သတ်မှတ်ထားတဲ့အတွက် ဒီသတင်းဟာ မှန်ကန်နေတယ် ဆိုရင်တော့ ထရမ့်ဟာ အမေရိကန်သမ္မတအဖြစ် ရွေးခံထိုက်သူ မဟုတ်တော့ပါဘူး။ ဝေဖန်သူတွေကတော့ ထရမ့်ကို မျိုးဗီဇစစ်ဆေးမှု (ဒီအန်အေ) စစ်ဆေးသင့်တယ်လို့ ပြောနေကြပါတယ်။ ပါကစ္စတန် မြောက်ပိုင်း ဝါဗီရစ္စတန်ဒေသဟာ အစ္စလာမ္မစ်စစ်သွေးကြွတွေရဲ့ ဒုစရိုက်နယ်မြေတခုဖြစ်ပြီး ခုလိုဝေဖန်မှုတွေဟာ ဒီသီတင်းပတ်အတွင်းက ထရမ့်နဲ့ ရုရှား ခေါင်းဆောင် ဗလာဒီမာပူတင်တို့ အိုင်အက်စ်အုပ်စုအရေး ကိုင်တွယ်ဖြေရှင်းဖို့ ဆွေးနွေးမှုအပြီးမှာ ထွက်ပေါ်လာခဲ့တာပါ။
4 years Ago
Up