အမေရိကန်သမ္မတကတော် မယ်လီနီရာထရမ့်ဟာ တက္ကဆက်ပြည်နယ် ဟာရီကိန်းဟာဗေး မုန်တိုင်း တိုက်ခတ်ခံရသူတွေကို သွားရောက်ကြည့်ရှုတဲ့ ခရီးစဉ်အတွင်း နာမည်ကြီး မြွေသားရေ လေဒီရူးဖိနပ်စီးလို့ ဝေဖန်ခံနေရတယ်လို့ သိရပါတယ်။
မယ်လီနီရာထရမ့်က သူမရဲ့ခင်ပွန်းဖြစ်သူ ဒေါ်နယ်ထရမ့်နဲ့အတူ စက်တင်ဘာ ၂ ရက်နေ့က အဲယားဖို့စ်ဝမ်းကို မစီးခင် အန်ဒရူးလေတပ်အခြေစိုက်စခန်းကို သွားချိန်မှာ Msnola Blahnik ဆိုတဲ့ နာမည်ကြီး စပိန်ဖက်ရှင်ဒီဇိုင်နာ ထုတ်လုပ်တဲ့ ခွာအမြင့်ဖိနပ်ကို စီးခဲ့တာပါ။ လေယာဉ်စိုက်ချိန်မှာတော့ မယ်လီနီရာက အဖြူရောင်အားကစားဖိနပ် ပြောင်းလဲစီးခဲ့တာကို ရုပ်သံထဲမှာ တွေ့ရပါတယ်။
ခရီးစဉ်အတွင်းမှာ မယ်လီနီရာကို မိုးကာအင်္ကျီ၊ နေကာမျက်မှန်တွေ ဝတ်ဆင် မြွေသားရေ နာမည်ကြီးတံဆိပ် ဖိနပ်တွေကို စီးပြီး တွေ့ခဲ့ရတာပါ။
မယ်လီနီရာစီးခဲ့တဲ့ ဖိနပ်ပြဿနာက လူမှုကွန်ရက်ပေါ်မှာ လူတွေ စိတ်တိုနေကြပြီး ဒုက္ခရောက်နေတဲ့ အမှုကိစ္စကို တုံ့ပြန်ရာမှ “သင့်တင့်လျောက်ပတ်အောင် နေပါ” ဆိုပြီး လူတွေက သူမကို တောင်းဆိုခဲ့ကြပါတယ်။
တွစ်တာပေါ်မှာ ရေးသားသူတဦးက “အကျပ်အတည်းဖြစ်နေတဲ့အချိန်မှာ သင့်တင့်လျောက်ပက်အောင်နေပါ။ ဒီအပိုင်းကို ဝင်မလုပ်ချင်ရင်တောင် အနည်းဆုံးတော့ ကြည့်ပါ မယ်လီနီရာ၊ ရေကြီးတဲ့နေရာမှာ လျှောက်ရမှာပါ” လို့ ရေးထားပါတယ်။
လတ်တလော အမေရိကန်သမိုင်းမှာ အဆိုးရွားဆုံး မုန်တိုင်းတိုက်ပြီးချိန်မှာ ဝေဖန်သူတွေက သူမရဲ့ အဝတ်အစားတွေအပေါ် ဝေဖန်တိုက်ခိုက်နေကြတာ ဝမ်းနည်းစရာပဲလို့ သမ္မတကတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်ပါတယ်။
တက္ကဆက်ပြည်နယ်မှာက သဘာဝဘေးအန္တရာယ်တွေက ဖြစ်တုန်း ဆက်လက်ရှိနေတုန်းမှာ လူတွေက သူမရဲ့ ဖိနပ်တွေအကြောင်း စိုးရိမ်ပူပန်နေကြတယ်လို့ သူမက ပြောပါတယ်။
ဟာရီကိန်းဟာဗေး မုန်တိုင်းကြောင့် လူအသေအပျောက်တွေရှိပြီး ရေကြီးမှုဖြစ်ပြီး တပတ်အကြာမှာတော့ လူပေါင်း ၁ သန်းကျော် နေရာတွေကနေ ရွှေ့ပြောင်းခဲ့ရပါတယ်။
5 years Ago