ဝေဖန်ခံရ

January 13, 2018

ဈေးကြီး နိုင်ငံခြားဖြစ် အသားချောင်းဝယ်သည့် ထိုင်းဘုန်းကြီး ဝေဖန်ခံရ

ဈေးကြီးတဲ့ နိုင်ငံခြားဖြစ်အသားချောင်းဝယ်နေတဲ့ ဘုန်းကြီးတပါးရဲ့ ဓာတ်ပုံတွေ ထိုင်းလူမှုကွန်ရက်ပေါ် တက်လာပြီး ဒီလိုသင်္ကန်းဝတ်ဘုန်းကြီးတွေ ဈေးဝယ်ကုန်တိုက်ထဲ ဈေးဝယ်တာက သင့်တော်မှု ရှိရဲ့လားဆိုပြီး လူတွေက ဝေဖန်နေကြပါတယ်။ ဓာတ်ပုံတွေကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ် တင်သူက ရန်ဆစ်တက္ကသိုလ်က ပါမောက္ခ စမစ်သ်တန်ကာစမစ်ဖြစ်ပြီး သူက ဘုန်းကြီးတွေကို စတိုးဆိုင်တွေမှာ မကြာခဏတွေ့တယ်လို့ ပြောပါတယ်။ ခုတင်တဲ့ ပုံထဲမှာတော့ ဘုန်းကြီး သူ့ရဲ့ဈေးဝယ်ခြင်းထဲ အခြားပစ္စည်းအမယ်တွေ၊ ဈေးကြီးတဲ့ စပျစ်သီးဖျော်ရည်တွေနဲ့ ဈေးကြီးလှတဲ့ နိုင်ငံခြားဖြစ်အသားချောင်းတွေကို ရွေးချယ် ထည့်နေတာပါ။ ဘုန်းကြီးတွေ ဈေးဝယ်တာက သူတို့ ကော်ဖီ ဝယ်သလိုမျိုးနဲ့ နည်းနည်းတူတယ်၊ ဗုဒ္ဓရဲ့စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်တဲ့ ပြင်းထန်တဲ့ ကိစ္စရပ်မျိုး မဟုတ်ပါဘူးလို့ ဓာတ်ပုံ တင်သူက ပြောပါတယ်။ ဒါပေမယ့် လူတွေကတော့ ဒီလိုပုံတွေ ကြည့်ရတာ သိတ်မကောင်းလှဘူး၊ ဘုန်းကြီးတွေ လူတွေဆီကနေ လှူဒါန်းတာတွေကိုပဲ လက်ခံသင့်တယ်လို့ ဝေဖန်ထားကြောင်း ထိုင်းဗီဇာသတင်းမှာ ဇန်နဝါရီလ ၁၃ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up