ဝေဖန်

November 28, 2018

ဖေ့စ်ဘွတ်ခ်ကုမ္ပဏီကို နိုင်ငံအများအပြားမှ ဥပဒေပြုအမတ်များ ပြင်းပြင်းထန်ထန် ဝေဖန်

နာမည်ကျော် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီဟာ နိုင်ငံအများအပြားက ဥပဒေပြု အမတ်တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံနေရပါတယ်။ ကုမ္ပဏီဟာ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေကို အားနည်းစေတယ်လို့ ဥပဒေပြုအမတ်တွေက နိုဝင်ဘာ ၂၇ ရက်နေ့မှာ စွပ်စွဲလိုက်ပါတယ်။ ဒါ့အပြင် အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ကိုယ်တိုင်လာရောက် ဖြေကြားခဲ့ခြင်းမရှိတဲ့ စီအီးအို မာ့ခ်ဇူကာဘတ်ကိုလည်း ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ဖေ့စ်ဘွတ်ခ်အသုံးပြုသူ ၈၇ သန်းရဲ့ ကိုယ်ရေးအချက်အလက်တွေကို သုတေသန ကုမ္ပဏီတခုကနေ Cambridge Analytica ကုမ္ပဏီက ရယူခဲ့ပြီးနောက် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီဟာ ဗြိတိန် ဥပဒေပြုအမတ်တွေရဲ့ စုံစမ်းစစ်ဆေးမှုကို ခံနေရပါတယ်။ အဲဒီလို စုံစမ်းစစ်ဆေးရာမှာ ဇူကာဘတ်ကိုယ်စား လာရောက်ခဲ့တဲ့ ရစ်ချတ်အလန်က ဖေ့စ်ဘွတ်ခ်အနေနဲ့ အမှားတွေ ပြုလုပ်ခဲ့တာကို ဝန်ခံခဲ့ပေမယ့် အီးယူ အချက်အလက် ကာကွယ်ရေး ဥပဒေကို လိုက်နာကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် ဗြိတိန်ပါလီမန် အပြင်ဘက်မှာလည်း ဇူကာဘတ်ပုံစံ သရုပ်ဖော် ဆန္ဒပြမှုကို အာဗက်ဇ်ဆိုတဲ့ လှုပ်ရှားမှုအဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago

March 16, 2018

မော်ရင်ဟိုကို ရွိုင်ကိန်း ဝေဖန်၊ ပေါ့ဘာ ကျောင်းသားတယောက်ပုံစံသာရှိဟု ဆို

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီက ကွန်မြူနတီဒိုင်း၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေ ရရှိခဲ့တယ်လို့ မော်ရင်ဟိုရဲ့ ပြောကြားချက်ကို အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ဝေဖန်လိုက်ပါတယ်။ ကွန်မြူနတီဒိုင်းကို ဖလားရရှိခဲ့တယ်ဆိုပြီး ထည့်တွက်ရင်တော့ ပြသဿနာရှိနေပြီလို့ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ဝေဖန်ပြောကြားလိုက်တာပါ။ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာနဲ့ ပတ်သက်လို့လည်း ရွိုင်ကိန်းက သူဟာ ကျောင်းသားတယောက်ပုံစံမှာသာ ရှိနေသေးတယ်လို့ ဆိုပါတယ်။ ပေါ့ဂ်ဘာဟာ ဆီဗီလာကို ရှုံးနိမ့်ခဲ့တဲ့  ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခြင်းမရှိတဲ့အတွက် ပရိသတ်ရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။ ရွိုင်ကိန်းက "ကစားသမားကောင်းတွေဆိုတာ လူစားလဲတဲ့အချိန်မှာ ပြိုင်ပွဲရဲ့အခြေအနေကို ပြောင်းလဲနိုင်ရပါတယ်။ ပေါ့ဂ်ဘာဟာ လူစားဝင်လာတဲ့အချိန်မှာ ဘာမှမလုပ်ပြနိုင်ခဲ့ပါဘူး။ ပထမဂိုးကို မြင်တွေ့ခဲ့ရပါတယ်။ သူ့ရဲ့အပြုအမူဟာ ကျောင်းသားတယောက်လိုပါပဲ" လို့ ပြောပါတယ်။ ပေါ့ဂ်ဘာဟာ ၁၁ ယောက်လူစာရင်းမှာ မပါလာတဲ့အချိန်ဆို ပြဿနာရှိလာတယ်လို့လည်း ရွိုင်ကိန်းက ဆိုပါတယ်။
3 years Ago
Up