ကယ်ဆယ်ရေးအဖွဲ့တွေဟာ ပြောင်းရွှေ့အခြေချသူ ၂၀၀၀ လောက်ကို မြေထဲ ပင်လယ်ထဲကနေ ကယ်တယ်ခဲ့တယ်လို့ အီတလီ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။
လှေ ၁၁ စီးပေါ်ပါတဲ့ လူအမြောက်အမြားကို ဒီဇင်ဘာ ၃ ရက်နေ့က တချိန်တည်းမှာ အခုလို ကယ်တင်နိုင်တာဟာ တလအတွင်း အများဆုံး ပမာဏ ဖြစ်ပါတယ်။
အခု ရက်သတ္တပတ်တွေအတွင်းမှာ ရာသီဥတု ဆိုးရွားနေတာကြောင့် အီတလီကမ်းခြေဆီ ၀င်ဖို့ ကြိုးစားသူတွေ ဦးရေလည်း သိသိသာသာ ကျဆင်းနေချိန် ဖြစ်ပါတယ်။
အခု ကယ်တင်လိုက်ရတဲ့ အုပ်စုမှာ ဆာဟာရ တပိုင်း နိုင်ငံတွေက လူတွေလည်း ပါဝင်ပြီး လစ်ဗျားကမ်းခြေကနေ ထွက်ခွာလာခဲ့ကြသူတွေပါ။
ဒီနှစ်အတွင်းမှာ ဥရောပကို ၀င်ရောက်ခဲ့ကြတဲ့လူ ၉ သိန်းထဲမှာ ၁ သိန်း ၄ သောင်းဟာ အီတလီ ကမ်းခြေကနေတဆင့် ၀င်သွားကြသူတွေပါ။ အများစုကတော့ ဂရိကို ဖြတ်ပြီး ၀င်ကြပါတယ်။
ကယ်ဆယ်ရေးအဖွဲ့မှာ အီတလီ၊ စပိန်၊ ဗြိတိန် ရေတပ်သင်္ဘောတွေ ပါဝင်သလို၊ နယ်ခြားမဲ့ ဆရာဝန်များအဖွဲ့ရဲ့  သင်္ဘောတစီးလည်း ပါဝင်တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။
7 years Ago