လျှော့ချရန် နိုင်ငံများ သဘောတူ

November 19, 2016

ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှု လျှော့ချရန် နိုင်ငံများ သဘောတူ

ကမ္ဘာ့အပူချိန်မြင့်တက်မှုရဲ့ အကြောင်းရင်းဖြစ်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချမယ့် စီမံကိန်းတွေကို ရာသီဥတုပြောင်းလဲမှုဆိုင်ရာ COP22 ညီလာခံကို တက်တဲ့ နိုင်ငံအားလုံးက သဘောတူလိုက်တယ်လို့ ညီလာခံဥက္ကဋ္ဌ နဲ့ မော်ရိုကို နိုင်ငံခြားရေးဝန်ကြီး ဆာလာဟက်ဒင် မေဇောင်အာက ကြေညာလိုက်ပါတယ်။ ဒီညီလာခံကို ပြင်သစ်နိုင်ငံမှာ ကျင်းပတာဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ နီးပါးက တက်ရောက်ခဲ့တာပါ။ စိုက်ပျိုးရေးလုပ်ငန်းအပေါ် ရာသီဥတု ပြောင်းလဲမှုက စိန်ခေါ်နေလို့ စားနပ်ရိက္ခာ လုံလောက်ရေးနဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အားထုတ်မှုတွေကို ပံ့ပိုးအားဖြည့်သွားဖို့ ညှိနှိုင်းရေးမှူးချုပ်က ဆော်သြပါတယ်။ ကမ္ဘာ့အပူချိန်ဟာ ၁၉ ရာစုက စပြီး မှတ်တမ်းတင် ထားခဲ့တာပါ။ ၂၀၁၆ ဟာ မှတ်တမ်း တင်ထားသမျှ အပူဆုံးနှစ် ဖြစ်လာခဲ့လို့ ရေခဲလွှာတွေ အရည်ပျော်တာ၊ သန္တာကျောက်တန်းတွေ ပျက်စီးတာနဲ့ အပူလှိုင်း ဖြတ်တာတွေ ဖြစ်ခဲ့ပါတယ်။ ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ဟာ တရားရေးတွန်းအားပေးတဲ့ ရည်ရွယ်ချက်မပါတဲ့ နိုင်ငံရေးကြေညာချက်ပါ။ ကမ္ဘာ့အပူချိန် မြင့်တက်မှုအတွက် အပြစ်တင်ခံရတဲ့ ဖန်လုံအိမ် ဓာတ်ငွေ့ကြောင့် တချို့ နေရာတွေမှာ မိုးတွေ ပိုရွာတာ၊ အပူလှိုင်း ဖြတ်တာနဲ့ ပင်လယ်ရေမျက်နှာပြင်တွေ မြင့်တက်တာ ဖြစ်လာတယ်လို့ ယုံကြည် နေကြပါတယ်။
5 years Ago
Up